Home »
သတင်း
» အမျိုးသမီးငယ် ၁၃ ဦးကို စင်ကာပူတွင် အိမ်အကူလုပ်ရန် ပို့ဆောင်ပေးမည့် အကျိုးဆောင်ကို ဖမ်းဆီး
အမျိုးသမီးငယ် ၁၃ ဦးကို စင်ကာပူတွင် အိမ်အကူလုပ်ရန် ပို့ဆောင်ပေးမည့် အကျိုးဆောင်ကို ဖမ်းဆီး
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အမျိုးသမီးငယ် ၁၃ ဦးအား စင်ကာပူနိုင်ငံသို့ အိမ်အ ကူလုပ်ရန် တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ (မြန်မာငွေ ၂၆၀ ၀၀၀ ကျပ်)ဖြင့် ဆက်သွယ်ပို့ဆောင်ပေးမည့် သူကို သန်လျင်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။ အဆိုပါအမျိုးသမီးငယ် ၁၃ ဦးအား ဗိုလ်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်းတိုင်ရာမှ ၎င်းအုပ်ချုပ်ရေးမှူးက မသင်္ကာသဖြင့် မြို့နယ်၊ခရိုင်အုပ်ချုပ်ရေးမှူးထံ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ FMI CITY လှိုင်သာယာမြို့နယ်နေသူ မအေးအေးချို၏ ဆက်သွယ်မှုဖြင့် အဆိုပါ အမျိုးသမီး ငယ်များ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏မိခင် ဒေါ်ကြည်ဌေးက နေအိမ်တွင် လက်ခံထားကြောင်း ရန်ကုန်တိုင်းေ ဒေသကြီးအစိုးရ အဖွဲ့ရုံးမှတ်တမ်းများအရ သိရသည်။
ယင်းကိစ္စအား လူကုန်ကူးအထူးအဖွဲ့မှ ရဲအုပ်ဌေးအောင်က သြဂုတ် ၉ ရက်တွင် ဆက်လက် စစ်ဆေးခဲ့ရာ မစန္ဒာလွင်(ကောင်းခန့်ဟိန်း အထွေထွေအကျိုးဆောင်လုပ်ငန်း၏ မန်နေဂျာ)နှင့် တစ်ဦးက စင်ကာပူနိုင်ငံ၌ တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ ဖြင့် အိမ်အကူလုပ်ငန်းလုပ်ကိုင်ရန် သုံးသုတ်ခွဲကာ ပေးပို့ မည်ဖြစ်ပြီး မအေးအေးချိုက အိမ်အကူလုပ်ငန်းအတွက် အဆိုပါအမျိုးသမီးငယ်များအား သင်ကြားပေးနေ ကြောင်း စစ်ဆေးတွေ့ရှိရသည်။ မစန္ဒာလွင်ပါ လေးဦးအား အရေးယူပေးရန် ရဲအုပ်ဌေးအောင်က တရားလိုပြုလုပ် တိုင်တန်းမှု ကို သန်လျင်ရဲစခန်းက (ပ) ၉၉၁/၁၂၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေပုဒ်မ-၂၆ ဖြင့် သြဂုတ် ၉ ရက်၌ အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ်ထွန်းထွန်းဝေက တရားခံများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ၎င်းထံမှသိရ သည်။ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ပို့ဆောင်သည့် အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီများအနေဖြင့် စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် လူတင်ပို့ခွင့် မှတ်ပုံတင်ရပြီး မှတ်ပုံတင်မရှိသည့် ကုမ္ပဏီ များအား နိုင်ငံတော်အစိုးရက ပြည်ပအက်ဥပဒေပုဒ်မ ၂၆(အထူးနှင့်အထွေထွေ)ဖြင့် ဖမ်းဆီးနိုင်သည်ဟု တရား ၀င်ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။
7 DAY NEWS Journal
0 comments:
Post a Comment