<div style='background-color: none transparent;'></div>

Home » » လှိုင်သာယာ မြို့နယ်တွင်အထက်တန်းရှေ့နေ အမျိုးသမီးတစ်ဦး ကြမ်းပိုးသတ် ဆေးသောက် အဆုံးစီရင်

လှိုင်သာယာ မြို့နယ်တွင်အထက်တန်းရှေ့နေ အမျိုးသမီးတစ်ဦး ကြမ်းပိုးသတ် ဆေးသောက် အဆုံးစီရင်


ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် ၁၆ ရပ်ကွက်တွင် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် အသက် ၃၈ နှစ်အရွယ် အထက်တန်းရှေ့နေ အမျိုးသမီး တစ်ဦး ကြမ်းပိုးသတ်ဆေး သောက်သုံး၍ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာထံမှသိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် အသက် ၃၈ နှစ်အရွယ် ဒေါ်မြင့်မြင့်အေးသည် ပိုလို ပိုးသတ်ဆေးသောက်သုံးပြီး လှိုင်သာယာဆေးရုံသို့ အတွင်းလူနာ အဖြစ် ရောက်ရှိလာကြောင်း၊ ဆေးကုသမှုခံယူရင်း ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၅၀ တွင် ကွယ်လွန်သွားကြောင်း၊ ၄င်းသည် အိမ် ထောင်ကွဲ တစ်ဦးဖြစ်ပြီး အိမ်ထောင်ရေး အဆင်မပြေသဖြင့် စိတ်ညစ်ကာ ပိုးသတ်ဆေးသောက်သေဆုံး ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာထံမှ သိရသည်။ အဆိုပါသေမှုသေခင်းနှင့်ပတ်သက်ပြီး လှိုင်သာယာရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၇/၁၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
venus new journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map