<div style='background-color: none transparent;'></div>

Home » » ထိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဇနီးဟောင်းအား သေနတ်ဖြင့် ပစ်ခတ်မိ

ထိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဇနီးဟောင်းအား သေနတ်ဖြင့် ပစ်ခတ်မိ


ထိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် ညစာစား နေစဉ်အတွင်း ၄င်း၏ ဇနီးဟောင်းဖြစ်သူ ကိုယ်ရေး အရာရှိအား အူဇီသေနတ်ဖြင့် မတော်တဆ ပစ်ခတ်မိခဲ့ ရာ သေဆုံး သွား ခဲ့သည်ဟု သိရသည်။ လွှတ်တော် ကိုယ်စားလှယ် Boonsong Kowawisarat သည် သြဂုတ်လ ၁၃ ရက်တွင် ကိုယ်ရေး အရာရှိ Chanakarn Detkard အပါအဝင် အပေါင်းအသင်း ၅ ယောက်နှင့်အတူ ထိုင်းနိုင်ငံမြောက်ပိုင်း Phrae ခရိုင် စားသောက်ဆိုင် တစ်ခုတွင် ညစာ စားသောက်နေကြ စဉ် အူဇီ ၉ မီလီမီ တာသေနတ် အား ထုတ်ယူ၍ အမှတ်တမဲ့ ပစ်ခတ်မိရာ ကိုယ်ရေး အရာရှိမှာ သေဆုံးသွား ခဲ့သည်ဟု ဆိုကြသည်။ ”ဆီနိတ်တာ ဟာ သူ့ရဲ့ သေနတ်ကို ထိန်းဖို့ ကြိုးစားနေ တဲ့အချိန် မှာပဲ သူ့ရဲ့ကိုယ်ရေး အရာရှိကို ပစ်မိ သွားတာပါ” ဟု ရဲတပ်ဖွဲ့ ဒုတိယ ဗိုလ်မှူးကြီး Choosak Pulsawat က CNN သို့ ပြောသည်။

 Boonsong မှာ သေနတ် ကိုင်ဆောင်ခွင့် ရထား သူဖြစ်ပြီး ၄င်း အား မတော်တဆ လူသေစေမှုဖြင့် တရားစွဲဆို ထားသော်လည်း ၄င်းသည် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေဖြင့် ကျင်းပဆဲ၊ ထိုင်း လွှတ်တော် ၌ရှိနေ ဆဲဖြစ်ပြီး လွှတ်တော် ၏ ဆုံးဖြတ်ချက် အပေါ် မူတည်ခြင်း ကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိသေးချေ။ ရဲတပ်ဖွဲ့က ယခုကဲ့ သို့ ပြောဆို ထားသော် လည်း ၄င်းအနေနှင့် အဘယ်ကြောင့် သေနတ်ဆောင် ထားရသနည်း။ အဘယ်ကြောင့် ညစာစားစဉ် သေနတ်ကို ဆွဲထုတ် ရသနည်း ။ သေနတ်ေ မာင်း တင်ထားခြင်းကို ၄င်း အနေနှင့် သိ၊ မသိ ဟူသော အချက်မှာ ရှင်းရှင်း လင်းလင်း မရှိပေ။ ဘန်ကောက်ပို့စ် သတင်းစာ ၏ အဆိုအရ ၄င်း အား ထောင် ဒဏ် ၁ဝ နှစ်နှင့် ငွေဒဏ် ဘတ် ၂ဝဝဝဝ အထိ အမြင့်ဆုံး ချမှတ်နိုင်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ ကျေးလက် ဒေသများတွင် လက်နက် ကိုင် ဆောင်ထားသူ များမှာ အများ စု ဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနတွင် လိုင်စင် တင်၍ ကိုင်ဆောင်ရ သည် ဟု သိရသည်။ 
PN-055
Ref: CNN     
popular news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map