<div style='background-color: none transparent;'></div>

Home » » မလေးရှားရှိ မြန်မာဆိုင် မြန်မာ့ဥယျာဉ်ဆိုင်ကို ရိုဟင်ဂျာ ဘင်္ဂလီများ ဝင်ရောက်အကြမ်းဖက်

မလေးရှားရှိ မြန်မာဆိုင် မြန်မာ့ဥယျာဉ်ဆိုင်ကို ရိုဟင်ဂျာ ဘင်္ဂလီများ ဝင်ရောက်အကြမ်းဖက်


မလေးရှားနိုင်ငံ ကွမ်လာလန်ပူ(kuala lumpur)မြို့တွင် ဦးစောအောင်ပိုင်ဆိုင်သော မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်) ကို ဒီကနေ့ ညနေ ၅ နာရီခန့်က အမည်မသိ အကြမ်းဖက် ဘင်္ဂလီမူဆလင်များ ၅၀ ခန့်က လာရောက်ဝင်စီး၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဆိုင်ပိုင်ရှင် ဦးစောအောင်က " အဲဒီ ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်ဘင်္ဂလီတွေဟာ ဗလီဝတ်ပြုလို့အပြန်မှာ လမ်းမှာတွေ့တဲ့ ရခိုင်တွေကို လိုက်သတ်ပါတယ်။ ရခိုင်တွေကလည်း ကိုယ်နဲ့နီးစပ်ရာကို ထွက်ပြေးတော့ ကျနော့်ဆိုင်ကို ရောက်လာတာပေါ့။ ကျနော့်ဆိုင်ကို အကြမ်းဖက်ဘင်္ဂလီတွေက ရခိုင်ဆိုင်မှန်းသိတာနဲ့ ဆိုင်မှာ ရှိတဲ့ စားပွဲခုန်တွေ၊ ကုန်ပစ္စည်းတွေ၊ နောက်တခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားပါတယ်။ ဘင်္ဂလီတွေ ၅၀ နီးပါးလောက်ရှိပါတယ်။ ရဲစခန်းကို အကြောင်းကြားလို့ အဲဒီ ဘင်္ဂလီ ၅၀ ထဲက ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်း(Tang Wangi)က ဖမ်းသွားပါတယ်။ ကျန်တဲ့ ဘင်္ဂလီများကတော့ ထွက်ပြေးသွားပါတယ်။ " ဟု ပြောသည်။
" ယင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်းတွင် မေးမြန်းစစ်ဆေးနေပါတယ်။ သူတို့ရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ၊ ဘယ်သူတွေနဲ့ ဆက်စပ်နေလဲ၊ နောက်ပြီးတော့ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲပေါ့။ သူတို့ကိုတော့ ထိရောက်စွာ အရေးယူဆောင်ရွက် သွားပါမယ်။ နောက်တစ်ခုက အခုလိုမျိုး အနိုင်ကျင့် ပြဿနာရှာတာကို နောက်တစ်ခါ မဖြစ်ရအောင် ဒီမှာ မလေးရှားရောက် ရခိုင်အဖွဲ့အစည်းတွေနဲ့ တခြားမြန်မာအဖွဲ့အစည်းတွေပါ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ " ဟု ဆက်လက်ပြီး မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်)က ပိုင်ရှင် ဦးစောအောင်က ပြောပြသွားသည်။
 arakantimes
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map