<div style='background-color: none transparent;'></div>

Home » » ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသားကို မြန်မာရဲတပ်ဖွဲ့ကဖမ်းဆီး

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသားကို မြန်မာရဲတပ်ဖွဲ့ကဖမ်းဆီး


ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသား Mr Karl Joseph Kraus ကို မြန်မာရဲတပ်ဖွဲ့
ကဖမ်းဆီးပြီး ယနေ့ညနေပိုင်းတွင်မြ၀တီမှတဆ
င့် မဲဆောက်ဘက်ရှိ
ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်သည်။
အဆိုပါနိုင်ငံသားသည်အမှုရင်ဆ
ိုင်နေရစဉ် ထိုင်းနိုင်ငံမှတဆင့်
ကရင်ပြည်နယ်ဘားအံမြို့၌သွား
ရောက်တိမ်းရှောင်နေစဉ် ယခင်လ ၂၄ ရက်နေ့က

ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံရပြီး နောက် ယနေ့ညနေပိုင်းတွင် မဲဆောက်ဘက်လွှဲပြောင်းပေးခံရခြင်းဖြစ်သည်။
ကျန်းမာရေးကြောင့်လမ်းမလျှေ
ာက်နိုင်တော့သည့် Mr Karl ကို မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမျိုးဆွေ ဦးဆောင်သည့်အဖွဲ့က လာရောက်ပို့ဆောင်ခဲ့ပြီး ထိုင်းဘက်ရှိတာ့ခ်ခရိုင်လ၀ကအဖွဲ့ထံသို့ 
လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံချင်းမိုင်တွင
်ကလေးငယ်နှစ်ဦးကို မဖွယ်မရာပြုမှုဖြင့် အမှုရင်ဆိုင်နေရ သည့် Mr Karl သည် အာမခံရရှိပြီးနောက်ပျောက်ဆုံးသွားပြီး မြန်မာနိုင်ငံဘက်တွင် ပြန်လည်
တွေ့ရှိခြင်းဖြစ် ပြီး မြန်မာဘက်တွင်အချိန်မည်မျြှ
ကာနေထိုင်ခဲ့သည်
ကိုပြောကြားရန် သတင်းထောက်များ၏မေးခွန်းကို
ထိုင်း ရဲက ငြင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် မြ၀တီမြို့တွင် ယခင်လကဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြ
တိုက်မှုတွင် ပါဝင်ပတ်သက်သူဟုယူဆရသူ ကိုလင်းဆိုသူကိုလည်း ဘန်ကောက်မြို့တွင်ဖမ်းဆီး၍ ပြီးခဲ့သည့်အပတ်က မဲဆောက်မှတဆင့်
မြ၀တီရဲတပ်ဖွဲ့ သို့လွှဲပြောင်းပေးအပ်ခဲ့သည်

သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင်
 Popular Myanmar News Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map