<div style='background-color: none transparent;'></div>

Home » » အွန်လိုင်းပေါ်မှာဒုတိယအကြိမ် ပျံ့နှံ့နေတဲ့ ဗီယက်နမ်နိုင်ငံလိင်တူချစ်သူလက်ထပ်ပွဲ(ချစ်တာ အပြစ်လား)

အွန်လိုင်းပေါ်မှာဒုတိယအကြိမ် ပျံ့နှံ့နေတဲ့ ဗီယက်နမ်နိုင်ငံလိင်တူချစ်သူလက်ထပ်ပွဲ(ချစ်တာ အပြစ်လား)


ဗီယက်နမ် လိင်တူချစ်သူတယောက် ဟနွိုင်းမြို့ အေအိုင်ဒီအက်စ်အကြောင်းသိကောင်းစရာ လှုပ်ရှားမှုအတွင်း ဖဲကြိုးနီတပ်ဆင်ထားပုံ (ဓာတ်ပုံ - ရိုက်တာ)
လိင်တူချင်းလက်ထပ်တာကို ဗီယက်နမ်နိုင်ငံမှာ အခုအချိန်ထိ တရားဝင် ခွင့်မပြုသေးပါဘူး။ ဒါပေမယ့် လိင်တူ ချစ်သူတွေကတော့ တရားဝင်လက်ထပ်ခွင့်ဥပဒေပြဋ္ဌာန်းမယ့်အချိန်အထိ မစောင့်နိုင်ပါဘူး တဲ့။

“ကျမတို့က တယောက်နဲ့တယောက် တကယ်ချစ်ကြတာမို့ ဥပဒေပြဋ္ဌာန်းသည်ဖြစ်စေ မပြဋ္ဌာန်းသည်ဖြစ်စေ ဘယ်အရာကမှ ကျမတို့အချစ်ကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဥပဒေပြဋ္ဌာန်းလိုက်တယ်ဆိုရင်တော့ ဥပဒေအတိုင်း ကျမတို့ သွားလက်ထပ်မှာပါ။ လက်ထပ်ဖို့တော့ ဥပဒေထွက်လာတဲ့အထိ မစောင့်နိုင်တော့ဘူးလေ” လို့ မကြာခင်သူ့ချစ်သူ အမျိုးသမီးနဲ့ လက်ထပ်တော့မယ့် Dinh Thi Hong Loan က ဆိုပါတယ်။



၂၀၁၀ တုန်းက ဗီယက်နမ်နိုင်ငံမှာ ပထမဆုံး လိင်တူချစ်သူတွေ လက်ထပ်ပွဲ သတင်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ တခြား အလားတူစုံတွဲတချို့လည်း လိုက်ပြီး မင်္ဂလာဆောင်ကြပါတော့တယ်။

အခုဆိုရင် ဗီယက်နမ်ကွန်မြူနစ်အစိုးရရဲ့ တရားရေးဝန်ကြီးဌာနကတောင် ဒီကိစ္စနဲ့ပတ်သက်ပြီး တရားရုံးတွေက ဆောင်ရွက်နိုင်အောင် ဥပဒေဘောင်တခုလိုတယ်လို့ ပြောလာပါပြီ။

လိင်တူချစ်သူအခွင့်အရေးလှုပ်ရှားသူတွေ မှင်တက်သွားစေတာကတော့ ဗီယက်နမ်နိုင်ငံရဲ့ လက်ထပ်ဥပဒေကို ပြန်လည်မွမ်းမံတဲ့အခါမှာ လိင်တူစုံတွဲတွေ လက်ထပ်ဖို့ကိစ္စပါထည့်သွင်းဖို့ အဆိုပြုလိုက်တဲ့အချက်ပါပဲ။

ကမ္ဘာပေါ်မှာ လိင်တူချစ်သူတွေလက်ထပ်တာကို ဥပဒေအရ တရားဝင်ခွင့်ပြုတဲ့နိုင်ငံ ၁၁ နိုင်ငံ ရှိသွားပါပြီ။ နယ်သာလန်နိုင်ငံက ၂၀၀၁ ခုနှစ်မှာ ပထမဆုံး ခွင့်ပြုခဲ့တာပါ။


ဒီသတင်းအပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာ (http://www.irrawaddy.org/archives/10285) မှာ ဖတ်ရှုနိုင်ပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map