<div style='background-color: none transparent;'></div>

Home » » အမေရိကန်မှာ ဗုဒ္ဓပုံကို ဖိနပ်မှာ ပုံနှိပ် –( ယင်းတို့၏ Facebook စာမျက်နှာသို့ သွားရောက်ပြီး ကန့်ကွက်ရန်တောင်းဆိုအပ်ပါတယ်)

အမေရိကန်မှာ ဗုဒ္ဓပုံကို ဖိနပ်မှာ ပုံနှိပ် –( ယင်းတို့၏ Facebook စာမျက်နှာသို့ သွားရောက်ပြီး ကန့်ကွက်ရန်တောင်းဆိုအပ်ပါတယ်)


ဗုဒ္ဓပုံကို ဖိနပ်တွင် ပုံနှိပ်ရောင်းချသည့် အမေရိကန် ကုမ္ပဏီတခုကို ကန့်ကွက်နေကြသည်။
ကုမ္ပဏီ Facebook တွင် ကန့်ကွက်စာ သွားရေးနေကြခြင်း ဖြစ်သည်။ တိဘက်အရေး လှုပ်ရှားသူများက ကန့်ကွက်သကဲ့သို့ မြန်မာမီဒီယာတခုကလည်း သောကြာနေ့က ကန့်ကွက်စာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ကယ်လီဖိုးနီးယားမှ Icon ဖိနပ်ကုမ္ပဏီ ဗုဒ္ဓမြတ်စွာပုံပါ ဖိနပ်များ ထုတ်လုပ်ရောင်းချ
ရွှေလုံး မီဒီယာ
ကယ်လီဖိုးနီးယားပြည်နယ်မှ Icon Shoes ဟု အမည်ရသည့် ဖိနပ်ကုမ္ပဏီတစ်ခုသည် ဗုဒ္ဓမြတ်စွာ၏ ပုံတော်များအား ကနုတ်ပန်း များဖြင့် အလှဆင် ဒီဇိုင်းရေးဆွဲထားသည့် ဖိနပ်များအား ထုတ်လုပ်ရောင်းချနေသည်ကို အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိခဲ့ရသည်။
အဆိုပါ ဖိနပ်များအား အမေရိကန်နိုင်ငံ၌ ထုတ်လုပ်ထားပြီး ပုံစံ ၃ မျိုးအား ရောင်းဈေး ဒေါ်လာ ၂၉-၁၄၉ အထိရှိသည်ကို တွေ့ရှိခဲ့ ရသည်။
Icon Shoes အား ၁၉၉၉ ခုနှစ်တွင် အမည်ဖော်ပြထားခြင်း မရှိသည့် ဟော်လီဝုဒ် ဒါရိုက်တာ တစ်ဦးက စတင်တည်ထောင်ခဲ့ သည်ဟု ယင်းတို့၏ အင်တာနက် စာမျက်နှာပေါ်၌ ဖော်ပြထားသည်။
ဤကဲ့သို့ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်အား စော်ကားပြီး နိမ့်ကျသည့် ဖိနပ်များပေါ်တွင် ပုံနှိပ်ထုတ်လုပ်သည်ကို ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချပြီး Icon Shoes ထံသို့လည်း အသိပေးကန့်ကွက်စာ တစ်စောင်အား ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။
စာဖတ်ပရိသတ်ကြီး အနေဖြင့်လည်း ဤလုပ်ရပ်အား ဆန့်ကျင်ရှုတ်ချသည့် အနေဖြင့် ယင်းတို့၏ Facebook စာမျက်နှာသို့ သွားရောက်ပြီး ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော် ရေးသားကြရန် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။
Icon Shoes ၏ Facebook စာမျက်နှာ -
https://www.facebook.com/iconshoesandhandbags   
moemaka
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map