<div style='background-color: none transparent;'></div>

Home » » ဗိုလ်ချုပ်သား အယောင်ဆောင်သူအား ယာဉ်တိုက်မှုဖြင့် ဖမ်းဆီး

ဗိုလ်ချုပ်သား အယောင်ဆောင်သူအား ယာဉ်တိုက်မှုဖြင့် ဖမ်းဆီး


နေပြည်တော်၊သြဂုတ်-၈

နေပြည်တော် မြို့မဈေး ရဲကင်းအနီးတွင် သြဂုတ် ၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က လူသုံးဦးစီးနင်းလာသော ဆိုင်ကယ်အား ကားတစ်စီးက ၀င်တိုက်ရာ ဆိုင်ကယ်စီးနင်းသူသုံးဦးအနက် အမျိုးသမီးတစ်ဦးမှာခြေကျင်းဝတ်တွင် ဒဏ်ရာရရှိသွားခဲ့သည်။

ထိုအခါ ကားပေါ်မှ ယာဉ်မောင်းဖြစ်သူတစ်ဦး ဆင်းလာပြီး မေးမြန်းရာ အမျိုးသမီးက ခြေကျင်းဝတ်ဘာဖြစ်မှန်းမသိကြောင်း ပြန်လည်ဖြေစဉ် ယာဉ်မောင်းက ၎င်းသည် ကက(၀ယ်)မှ ဗိုလ်ချုပ်၏သားဖြစ်ကြောင်း ခြေထောက်နာလျှင်ခြေထောက်ကိုပါ ဖြတ်ပစ်ရန် ကုန်ကျငွေအား ကျသင့် သလောက် လျော်မည်ဖြစ်ကြောင်း မိုက်ရိုင်းစွာပြောသည်။ ထို့အပြင် အနီးရှိရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနယ်မြေ မှတာဝန်ရှိတပ်ဖွဲ့ ၀င်များ(သတင်းတပ်ဖွဲ့၊ စ.ရ.ဖ များအားလုံး) လာရောက်ကြည့်ရှုစဉ် ၎င်းသည် ဗိုလ်ချုပ်သားဖြစ်၍ ၀င်မရှုပ်ရန် ငေါက်ငန်းလွှတ်ခဲ့သည်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။

ထိုစဉ်အနီးရှိ နယ်မြေခံသ တင်းထောက်ဖြစ်သော ကိုတင်မောင်လွင်က အဆိုပါဖြစ်ရပ်ကို ဓာတ်ပုံရိုက်စဉ် “မင်းဘာကောင်လဲ အလုပ်ပြုတ် သွားမယ်။ ငါက ဗိုလ်ချုပ် xxx ရဲ့သား။ မဆိုင်ရင်ဝင် မရှုပ်နဲ့ အကုန်နာကုန်မယ်” ဟု ပြောဆိုကာ ပတ်ဝန်းကျင်ရှိတာဝန်ရှိသူများအားလုံးကို ကြိမ်းမောင်း၍ အခင်းဖြစ်နေရာမှ ဆိုင်ကယ်အား အတင်းရွှေ့ခိုင်းသည်ဟုဆို၏။ တာဝန်ရှိသူများကလည်း လူကြီးတစ်ယောက်၏ သားသမီးဟု ဆိုလာသဖြင့် ဇဝေဇ၀ါဖြစ်နေသော်လည်း အမှန်တကယ်စစ်ဆေးဆောင်ရွက်မှုပြုသောအခါ ယင်းဗိုလ်ချုပ် xxx ၏သားဟုဆိုသော လူငယ်မှာ အမှန်တကယ် မဟုတ်ဘဲ သာမန်ကုမ္ပဏီတစ်ခုမှ ၀န်ထမ်းတစ်ဦးသာဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ ဗိုလ်ချုပ် xxx ၏ သားဟုဆိုခဲ့သော အထက်ပါ ယာဉ်မောင်းက ယင်း၏ ဗိုလ်ချုပ် xxx ၏သားဟု ကြိမ်းဝါးမှုအပေါ် အခင်းဖြစ်စဉ်ကရှိခဲ့သော တာဝန်ရှိသူများ အားလုံးကို နောက်ပိုင်းတွင် လိုက်လံ တောင်းပန်ခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုကို နေပြည်တော်ယာဉ်မှုစစ်က (ပ)၃၉/၂၀၁၂ ဥပဒေပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်ထားသည်။
7 days news 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map