<div style='background-color: none transparent;'></div>

Home » » အသက်ရှင်နိုင်ခြေ ငါးရာနှုန်းထက်နည်းသော သန္ဓေသားအတွက် မိဘများကအွန်လိုင်းတွင် အသက်ကယ်နိုင်မည့်နည်း ရှာတွေ့ခဲ့၍ အသက်ရှင်လာ

အသက်ရှင်နိုင်ခြေ ငါးရာနှုန်းထက်နည်းသော သန္ဓေသားအတွက် မိဘများကအွန်လိုင်းတွင် အသက်ကယ်နိုင်မည့်နည်း ရှာတွေ့ခဲ့၍ အသက်ရှင်လာ


ဗိုက်ထဲက သန္ဒေသားတွင် ရှားပါးသော အသက်ရှုလမ်းကြောင်း ဆိုင်ရာပြဿနာ ခံစားနေရသည့်အတွက် အဆိုးဆုံး မျှော်လင့်ထားရန် မိဘများအား ဆရာဝန်များက သတိပေးခဲ့ကြရာ မိဘများက သူတို့ကလေးငယ် အသက်ရှင်နိုင်မည့် အခွင့်အလမ်းအတွက် အင်တာနက်တွင် ကုသမှုနည်းသစ်များကို ရှာဖွေခဲ့ကြသည်။ ထို့နောက် မိခင်ဝမ်းဗိုက်ထဲမှာပင် ခွဲစိတ်ကုသနိုင်မည့် Fetoscopic Tracheal Occlusion (FETO) နည်းကို ရှာတွေ့ခဲ့ပြီး ထိုခွဲစိတ်မှုကို ဗြိတိန်မှ ခွဲစိတ်ဆရာဝန် ပါမောက္ခကိုင်ပရို တစ်ဦးတည်းကသာ ဆောင်ရွက်ကြောင်း၊
ထိုနည်းမှာ Keyholeခွဲစိတ်နည်းသုံးကာ သန္ဓေသား၏ လြွေပန် ထဲသို့ သေးငယ်သော Balloonတစ်ခုထိုးသွင်း ကုသခြင်းဖြစ်ကြောင်း၊ ထိုအခါ သန္ဓေသား၏ အဆုတ်ထဲ၌ အရည်တို့ဖြင့် ပြည့်ကာ ကြီးထွားလာမည်ဖြစ်ကြောင်း သိခဲ့ရသည်။ သို့ဖြစ်၍ မိဘများသည် ပါမောက္ခ ကိုင်ပရိုနှင့် တွေ့ဆုံပြီး သန္ဓေသားခံစားနေရသော မွေးရာပါ ရင်ဝမ်းတာြးွကက်သား အပေါက်ပါရှိပြီး အဆုတ်၏ လုပ်ငန်းဆောင်တာများ မှန်မှန်ကန်ကန် မဖွံ့ဖြိုးမှု (CDH)အတွက် ကုသမှုခံယူခဲ့ပြီးနောက် ကလေးငယ်၏ အဆုတ်အရွယ်အစားမှာ သိသိသာသာ ကြီးထွားလာခဲ့သည်။ ကိုယ်ဝန်၃၇ပတ် ပြည့်သော ၂၀၁၁သြဂုတ်လတွင် သန္ဓေသားအား မွေးဖွားခဲ့ပြီး ကလေးငယ်ကို ဆေးရုံတွင် လပိုင်းမျှထားပြီးသည့်အခါ ကောင်းမွန်စွာ အသက်ရှူနိုင်ခဲ့ကြောင်း သိရသည်
ပြည်မြန်မာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map