<div style='background-color: none transparent;'></div>

Home » » ဘန်ကောက်မြို့အနီးမှာ“ကြက်ခြံစောင့် မြန်မာအလုပ်သမ တစ်ဦးအဓမ္မပြုကျင့်သတ်ဖြတ်ခံရ”

ဘန်ကောက်မြို့အနီးမှာ“ကြက်ခြံစောင့် မြန်မာအလုပ်သမ တစ်ဦးအဓမ္မပြုကျင့်သတ်ဖြတ်ခံရ”

 
ဘန်ကောက်မြို့အရှေ့ဘက် ကီလိုမီတာ ၈၁ အကွာအဝေးတွင်ရှိသော ချွန်ပူလီ မြို့ ဧက ၁၀၀ ရှိသောကြက်ခြံတွင်ရှိသောမြန်မာအလုပ် သမား တစ်ဦး အား လောနိုင်ငံသား.နိုင်လတ် ( ၃၀ နှစ် ) က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ထိုင်းလတ် သတင်းစာတွင် ဖေါ်ပြထားသည်။
             
 ၎င်းဖြစ်စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ည တွင် ကိုနိုင်လတ် နှင့်သူငယ်ချင်း၎ ဦးတို့ ဘီယာ
 
 ထိုင်သောက် ရင်းစကားပြောနေစဉ် ဘီယာအလုံး ၂၄ အကုန်တွင် ကိုယ့်အခန်းကိုပြန်ရန်ဝိုင်းခွဲ လိုက်ကြ
 
 သည်။ ကိုနိုင်လတ်မှာ အခန်းတွင်မိန်းမရှိသော်လည်း အခန်းကိုမပြန်ဘဲ မြန်မာအလုပ်သမ မနန်းကြွယ် (၄၀ )နှစ် အိပ်နေသော အခန်း ကိုဝင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ မနန်းကြွယ် က လက်မခံသဖြင့်  တစ်ဦးနှင့် 
 
တစ်ဦး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ သူမက အကူညီတောင်းရန် အပြင်ကိုထွက်ဖို့ ပြင်စဉ် နိုင်လတ်က 
 
လည်ပင်းကိုညစ်၍ ကြက်ခြံအနီးတွင်ရှိသော ကန်စွန်းရွက်စိုက်ထားသော ရေမြောင်းတွင် နှစ်သတ်ခဲ့သည်။
         
  မနက်မိုးလင်း၍ လုပ်ဆင်းကြသောခါ လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းများက မနန်းကြွယ် ကို 
 
မတွေ့သ ဖြင့်လိုက်လံရှာဖွေ သောအခါ ကန်းစွန်းရွက်စိုက်ထားသော ရေမြောင်းဘေးတွင် သေဆုံးနေသော  
လောင်းကို တွေ့ရှိခဲ့ကြသဖြင့် သူမ၏လုပ်ဖေါ်ကိုင်ဘက်များက မြို့နယ်ရဲစခန်းကို အကြောင်းကြားခဲ့သည်။ 
 
မြို့နယ်ရဲစခန်းမှတာဝန်ရှိရဲများ လာရောက်စစ်ဆေးမှုပြုလုပ်ရာ ကြက်ခြံအတွင်းရှိသော အလုပ်သမား 
 
အားလုံး ကိုခေါ်စစ်ဆေးသော အခါ ကိုနိုင်လတ်မှာ အလုပ်လုပ်နေသည့်နေရာတွင် မရှိပဲ  အလုပ်သမား 
 
များနေသော တိုက်တန်းဘေးတွင် အိပ်နေခဲ့သည်။ ရဲများက မသင်္ကာ၍ ခေါ်ကြည့်သောအခါ ကိုနိုင်လတ်၏ 
 
လည်ပင်းနှင့်ရင်ဘတ်တွင် လက်သဲကုတ်ရာများစွာကိုတွေ့သဖြင့် ရဲစခန်းကိုခေါ် ယူကာစစ်ဆေးမှုပြု လုပ်ခဲ့ 
 
သည်။ ကိုနိုင်လတ်က ဟုတ်မှန်ကြောင်း သူသတ်ကြောင်းထွက်ဆိုခဲ့သည်ဟု 
 
ထိုင်းလတ်သတင်းစာတွင် ရေး 
သားဖေါ်ပြထားသည်။
 goldenworkersကိုတီး ( ထိုင်းဘာသာပြန် သတင်းထောက် )
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map