မိုးဟေကိုနှင့် ရိုက်ကွင်း တစ်ခုတွင် ခေတ္တဆုံဖြစ်တဲ့ အခိုက် အနုပညာ လှုပ်ရှားမှုများနဲ့ ဘဝ လက်တွဲဖော်ကို မေးမြန်းခဲ့တဲ့အခါ... “မိုးဟေအနေနဲ့ သရုပ်ဆောင်မှု အပိုင်းမှာ ကိုယ့်ကိုယ်ကို Training လုပ်တယ်ဆိုတာထက်၊ ကိုယ့်ကိုယ်ကို ပြန်လေ့လာတယ်။ သူများတွေ ဘယ်လို သရုပ်ဆောင်တယ် ဆိုတာက ပြန်လေ့လာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နေရာလေးတွေမှာ ကိုယ်လေ့လာတဲ့ ဟာလေးကို ပြန်အသုံးပြုပါတယ်။
ကိုယ်ရတဲ့ နေရာက ပရိသတ်လက်ခံတဲ့ နေရာတစ်ခု ဖြစ်ပြီလားဆိုတာတော့ ရတဲ့နေရာ တစ်ခုကို မကျေနပ်ဘူးဆိုရင် ပူလောင်နေမှာပဲ။ ပူလောင်တဲ့ ပူလောင်မှုမျိုးကို မလိုချင်ဘူး။ ရောက်တဲ့နေရာလေးမှာ ပျော်တယ်။ ကျေနပ်တယ်။ ကျေနပ်တယ် ဆိုတာကလည်း ဒါကြီးကို ကျေနပ်တယ်ဆိုပြီး ဖက်တွယ်ထားတာလည်း မဟုတ်ဘူး။
ရက်တွေလတွေနှစ်တွေ ဘယ်လိုပြောင်းပြောင်း ရောက်ရှိလာတဲ့ ဘဝရယ်၊ ပေးလာတဲ့ ကံကြမ္မာရယ် အပေါ်မှာ ကိုယ်က အကောင်းဆုံး ဖြစ်အောင်ရယ်၊ အကျေနပ်ဆုံး ဖြစ်အောင် နေပါတယ်။ တစ်ခါတလေ ဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့အခါ ကိုယ့်ရဲ့ သရုပ်ဆောင်မှုတွေက မှန်တယ်လို့ ထင်ပေမယ့် တကယ့်တကယ် လေးငါးခြောက်လ ပြန်ထွက်လာတဲ့ အခါမှာ ပြန်ကြည့်ရင်တော့ ဘယ်နေရာလေးမှာ ဘယ်လို သရုပ်ဆောင်လိုက်ရင်တော့ ကောင်းသားဆိုပြီး ပြန်ပြန် ဖြစ်တတ်တယ်။အနုပညာ လမ်းခရီး တစ်လျှောက်မှာ ကြီးကြီးမားမား ပြဿနာမျိုး မရှိခဲ့ဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်မို့လို့လား မသိဘူး၊ သူများက ဒါလိုချင်တယ်ဆိုရင် သဘောပေါက်တော့ သရုပ်ဆောင်မှု အပိုင်းမှာ သူလိုချင်တဲ့ ပုံစံမျိုး ကိုယ့်ဘက်က ပိုပြီး လုပ်ပေးလိုက်တယ်။ ကိုယ့်ဘက်ကနေ ချိန်ပြီး လုပ်ပေးရတာပေါ့။ ဒါကြောင့် ကိုယ့်ဘဝမှာ အရမ်းကြီး ခက်ခဲတာမျိုးတော့ မရှိဘူး။ နောင်တော့ မပြောတတ်ဘူးပေါ့နော်။ ခုချိန်ထိတော့ ဖြတ်သန်းရတဲ့ အနုပညာ သက်တမ်းက နုသေးတော့ အရမ်းခက်ခဲတာမျိုး မရှိပါဘူး” ဟု အနုပညာ လှုပ်ရှားမှုများကို ပြောကြားသွားခဲ့သလို ပရိသတ် စိတ်ဝင်စားတဲ့ မိုးဟေရဲ့ ဘဝလက်တွဲဖော်ကရော ဘယ်တော့လဲ ဆိုတဲ့အပေါ် “အနုပညာ အလုပ်တွေကို လုပ်လိုက်ပါဦးမယ်ရှင့် (ရယ်လျက်)၊ ဒါကတော့ အရွယ်ရောက်တဲ့ ယောက်ျားလေး၊ မိန်းမလေးဆို ကြုံတွေ့ရမှာပါ။ အဲဒီတော့ အချိန်မတန်သေးဘူး။ အချစ်ဆိုတာကတော့ လူတစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ကြပေမယ့် မိုးဟေကတော့ အဓိပ္ပါယ် မဖွင့်တတ်ဘူး။ ဒါပေမယ့် အချစ်ကတော့ ခံရတတ်တယ်။ မဖွဲ့မနွဲ့တတ်ဘူး။ သူများချစ်တာကို အချစ်ခံတတ်တဲ့ ဘဝကိုပဲ လိုချင်တယ်။ ကျေနပ်တဲ့ အချစ်ဆိုတာကို ဖွင့်ဆိုတဲ့အခါမှာ ခံယူချက် အမျိုးမျိုးနဲ့ ဖွင့်ဆိုကြတော့ ကိုယ်ကိုယ်တိုင်ကလည်း အချစ်ဆိုတာကို ဖွင့်ဆိုမပြတတ်သလို ဖွင့်ပြောရင်လည်း တစ်ယောက်နဲ့တစ်ယောက် မတူတော့ စာဖွဲ့ချင်တာကို ရင်ထဲမှာပဲ သိမ်းထားလိုက်တာပေါ့” ဟု ပြောကြားသွားခဲ့ပါတယ်။
shade journal


0 comments:
Post a Comment