<div style='background-color: none transparent;'></div>

Home » » မလေးရှားသို့ အလုပ်လုပ်ရန် သွားသူ၏ ဇနီးအား ခိုးယူပေါင်းသင်းသူအား အပြစ်ပေး

မလေးရှားသို့ အလုပ်လုပ်ရန် သွားသူ၏ ဇနီးအား ခိုးယူပေါင်းသင်းသူအား အပြစ်ပေး


ဖျာပုံမြို့ အမှတ် ၁၀ ရပ်ကွက် ရွှေညောင် ပင်လမ်းနှင့် ၉ လမ်းထောင့်နေ တရားခံ မျိုးသူလှိုင်သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ ကို ကျူးလွန်သဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချ ခံစေရန် ဇူလိုင် ၁၇ ရက်နေ့က ဖျာပုံမြို့နယ် တရားသူကြီးရုံးက အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဖျာပုံမြို့ ၁၈ ရပ်ကွက်နေ ကိုစိုးထက်အောင်သည် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်စဉ် ၄င်း၏ဇနီးဖြစ်သူ မ . . . . အား စိုးထက်အောင်နှင့်ခင်မင်ရင်းနှီးသူ မျိုးသူလှိုင်က လင်ရှိမယားမှန်းသိလျက်နှင့် ခိုးယူပေါင်းသင်းနေကြောင်းအကြောင်းကြားရာ
ခင်ပွန်းဖြစ်သူ စိုးထက် အောင်က မလေးရှားနိုင်ငံမှ ပြန်ရောက်လာပြီး စုံစမ်းရာ မအူပင်မြို့လပ်ကီးတည်းခိုခန်းတွင် တရားခံ မျိုးသူ လှိုင်နှင့်ဇနီးဖြစ်သူ မ . . . . တို့တည်းခိုကြောင်း၊ ၄င်းနောက် ရန်ကုန်မြို့ မြောက်ဒဂုံ ၄၇ ရပ်ကွက်ဓမ္မာရုံ လမ်းတွင် တည်းခိုခဲ့ကြောင်း၊ ゞင်းနောက် ကျိုက်လတ်မြို့(၁)ရပ်ကွက်တွင် ခိုးယူပေါင်းသင်းနေထိုင်ခဲ့ကြောင်း ထင်ရှားသဖြင့် တရားစွဲဆိုခဲ့သည်။
venus new 
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map