<div style='background-color: none transparent;'></div>

Home » » ကျုံပျော်မြို့နယ်အတွင်းရှိ နေအိမ် တစ်ခုပေါ်သို့ ကုက္ကိုပင် လဲပြိုကျမှုကြောင့် အဆိုပါနေအိမ် အတွင်း အိပ်ပျော်နေသော လင်မယားနှစ်ဦး သစ်ပင်ပိ၍ သေဆုံး

ကျုံပျော်မြို့နယ်အတွင်းရှိ နေအိမ် တစ်ခုပေါ်သို့ ကုက္ကိုပင် လဲပြိုကျမှုကြောင့် အဆိုပါနေအိမ် အတွင်း အိပ်ပျော်နေသော လင်မယားနှစ်ဦး သစ်ပင်ပိ၍ သေဆုံး



(ရန်ကုန်၊ ဇူလိုင် ၃ဝ)
ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ၉-ရပ်ကွက် အတွင်းရှိ နေအိမ် တစ်ခုပေါ်သို့ ကုက္ကိုပင် လဲပြိုကျမှုကြောင့် အဆိုပါနေအိမ် အတွင်း အိပ်ပျော်နေသော လင်မယားနှစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနမှ သတင်း ရရှိ သည်။
ဖြစ်စဉ်မှာ အဆိုပါ နေ့ ည ၁ဝ နာရီ ၄၅ မိနစ် အချိန်၌ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ကျုံ ပျော်မြို့နယ်၊ (၉) ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ လုံးပတ် ၆ ပေ၊ အမြင့်ပေ ၆ဝ ခန့် ရှိသော ကုက္ကို ပင်သည် ၁ဝ ပေခန့် အကွာရှိ ဦး ဌေးဝင်း ပိုင် ပျဉ်ထောင်အိမ်ပေါ်သို့ လဲပြိုကျခဲ့ကြောင်း၊ ထိုသို့ ကုက္ကို ပင် လဲပြိုကျမှုကြောင့် အိမ်ပျက်စီး သွားသည့် အပြင် အဆိုပါ နေအိမ် အတွင်း အိပ်ပျော်နေသော ဦးဌေးဝင်း (၆၅) နှစ်နှင့် ၄င်း၏ ဇနီးဖြစ် သူ ဒေါ်ခင်စန်းဝင်း (၆၃) နှစ်တို့မှာ သစ်ပင်ပိမှုကြောင့်

ဦးခေါင်းကြေကာ နေရာ၌ပင် သေဆုံးခဲ့ကြောင်း ကျုံပျော် မီးသတ်ဦးစီး ဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
”ဒီကုက္ကိုပင်ကြီးက သက်တမ်း နှစ် ၆ဝ လောက် ရှိပြီ။ လေ တိုက်ရင် ပြိုလဲမှာ စိုးတဲ့အတွက် အဲဒီ လမ်းထဲမှာ နေတဲ့သူတွေက ခုတ် ဖို့ အကိုင်းတွေကို ရှင်းထားပြီးပြီ။ အခုက အမြစ်ကနေ ကျွတ်ထွက် သွားပြီး လဲကျတာ။ ပြိုသွားတဲ့ အိမ်က သစ်ပင် ထိပ်ပိုင်းနဲ့ ရိုက်မိပြီး ပြားသွားတယ်” ဟု ၄င်းက ဆို သည်။
ထို့အပြင် ရန်ကုန်တိုင်း ဒေသ ကြီး၊ ဒဂုံ မြို့သစ်တောင်ပိုင်း (၅၅) ရပ်ကွက်၊ ရွှေသဇင်လမ်း အတွင်း၌လည်း ဇူလိုင်လ ၂၈ ရက်နေ့ ည ၁ဝ နာရီခန့်က လေပြင်း တိုက်ခတ် မှုကြောင့် လုံးပတ် ၁ ပေနှင့် အရှည် ပေ ၃ဝ ရှိသော ကုက္ကိုပင် တစ်ပင် နှင့် လုံးပတ် ၁ဝ လက်မ ပတ်လည် နှင့်အရှည် ၂၅ ပေ ရှိသော ပိတောက် ပင် တစ်ပင်တို့ ပြိုလဲမှု ဖြစ်ပွားခဲ့ရာ အနီးရှိ နေအိမ် ၅ လုံးပေါ်သို့ ပိမိ၍ နေအိမ်များ ပျက်စီးခဲ့ပြီး ထိခိုက် ဒဏ်ရာရ သေဆုံးသူ မရှိခဲ့ကြောင်း ထပ်မံ သိရသည်။

PN-020
popular myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map