ကိုယ့်ရဲ့ ဇာတ်ကား တိုင်းကို ကြည့် ဖြစ်ပါတယ်။ ဒါမှ ကိုယ် ဘာလိုအပ်လဲ ပရိသတ် တွေက ဘာကို ကြိုက်တယ် ပြောလဲဆိုတာကို သူတို့ပြောတဲ့ အချိန် သူတို့မေးတဲ့အချိန် ကိုယ်လည်း ဖြေနိုင်အောင်လို့ပါ။ ကိုယ်ရိုက်ထားတဲ့ကားတွေ အကုန်လုံးကိုလည်း မှတ်မိအောင်ပေါ့။
အိုက်တင်အပိုအလို မရှိအောင် သရုပ်ဆောင်နိုင်ဖို့ဆိုတာ မိုးအထင်ကတော့ သဏ္ဌာန်လုပ် သရုပ်တူပေါ့နော်။ အကောင်းဆုံး ဖြစ်အောင်တော့ သရုပ်ဆောင်ခဲ့တယ်။ အပိုအလို မရှိအောင် ဘာအဓိကကျလဲဆိုတာထက် စိတ်ပါဝင်စားမှုပေါ့။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို စိတ်ပါဝင်စားရင် ဘယ်အလုပ်ကိုမဆို တန်ဖိုးရှိရှိနဲ့ အလုပ်လုပ်တယ်။ စိတ်ဝင်တစားလုပ်မှလည်း အပိုအလိုမရှိ ဖြစ်မယ်လို့ ထင်ပါတယ်။
ကိုယ်ရိုက်တဲ့ ဇာတ်ကောင်စရိုက်ရဲ့ ပုံစံကို ကိုယ့်ဘာသာကိုယ် ချိန်တတ်ရမယ်လေ။ မိုးက ပရိသတ် ဝေဖန်သံတွေကိုလည်း နားထောင်တယ်။ ကားတွေထွက်တိုင်း နားထောင်ပါတယ်။ ပရိသတ်တွေက မိုးရဲ့ဇာတ်ကားတွေ ဘယ်နေ့ထွက်မယ်ဆိုတာ ကိုယ်ကတောင် မသိဘူး၊ သူတို့က ဘယ်အပတ်မှာ ဘယ်ကားထွက်မယ်ဆိုတာကို မထွက်ခင်မှာ သူတို့စာပို့တယ်။
ထွက်ပြီးရင်လည်း ဘယ်ကားမှာ ဘယ်လိုမျိုးလေး ဖြစ်နေတယ်။ ဘယ်လို ဝတ်ထားတယ်။ ဘယ်လိုသရုပ်ဆောင်တာ ကောင်းတယ်။ အရမ်းကြိုက်တယ်ဆိုပြီး ပြောသလို၊ အမြဲတမ်းမိုးဆီကို စာပို့တဲ့ ပရိသတ်တွေတောင် ရှိပါတယ်။ကိုယ်ကြိုးစားပြီး လုပ်ပေးလိုက်တဲ့အလုပ်က အရာ မထင်ခဲ့ဘူး ဆိုရင် ကိုယ့်ဘက်က ညံ့ဖျင်းနေလို့ပဲ ဖြစ်မယ်။ မိုးကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်။ ကိုယ့်ကြိုးစားမှုတိုင်းကလည်း အရာ ထင်ခဲ့ပါတယ်။
8days news


0 comments:
Post a Comment