Home »
သတင်း
» မုံရွာမြို့ချမ်းမြသာစည်ရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ခြောက်နှစ်သားကလေးတစ်ဦးသေဆုံး
မုံရွာမြို့ချမ်းမြသာစည်ရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ခြောက်နှစ်သားကလေးတစ်ဦးသေဆုံး
မုံရွာမြို့ချမ်းမြသာစည်ရပ်ကွက် ကျောက်ကာလမ်း မီးရထားသံလမ်း အရှေ့ဘက်အနီးရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက် ည ၁၂ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ခြောက်နှစ်အရွယ် က လေးတစ်ဦးသေဆုံးခဲ့ရကြောင်းသိရသည်။ “ကျောက်ကာလမ်းမှာရှိတဲ့ ကားပစ္စည်းနဲ့အင်ဂျင်ဝိုင်ရောင်းဝယ်ရေး အိမ်တစ်အိမ်မှာမီးလောင် မှုဖြစ်သွားတာလို့ သိရတယ်။ ည ၁၂ နာရီခွဲလောက်မှာ စလောင်ပြီး မနက် ၂ နာရီဝန်းကျင်မှာ မီးငြိမ်းသွား တယ်။ ငါးဂါလန်ဆီပုံးထဲကနေ ရေသန့်ဘူးထဲကို ဓာတ်ဆီပြောင်းထည့်ရာကနေ မီးစလောင်တာလို့ သိရတယ်။ ဗဟိုမီးသတ်နဲ့ မဝေးတာတော်သေးတယ်။ အဲဒီနားမှာတိုက်တွေက ရှည်မျောမျောဆောက်ထားတော့ အထူးသ ဖြင့် ၀င်ပေါက်တစ်ပေါက်တည်းပဲ ရှိပြီး အရေးပေါ်ထွက်ပေါက်တွေမရှိတော့ အရေးအကြောင်းဆိုရင် မလွယ် ဘူး” ဟုမုံရွာမြို့ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုတွင် မောင်ဝေယံအောင် (ခြောက်နှစ်)မှာ မီးလောင်သေဆုံးခဲ့ပြီး မုံရွာမြို့မှ မီးသတ်ကား ၁၆ စီး၊ဘုတလင်၊ ခင်မွန်၊ချောင်းဦးတို့မှ မီးသတ်ကားသုံးစီးတို့ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ ကြောင်းသိရသည်။ “မီးလောင်တာညပိုင်းဖြစ်နေတာရယ်၊ မီးသတ်နဲ့နီးတာတွေကြောင့် မြို့ပေါ်မှာ မနက်မှ လူတစ်ယောက်သေဆုံးတယ်ဆိုတာသိကြရတယ်။ မီးလောင်ချိန်မှာ ပစ္စည်းတွေသယ်ထုတ်ကြတော့ မွေ့ရာ လိုမီးေးလာင်မှုကို အားပေးတဲ့ပစ္စည်းတွေကိုလည်းတွေ့ရတယ်။ မီးလောင်တဲ့အိမ်မှာ မိသားစုသုံးဦးသာနေ တယ်လို့သိရပြီး ကလေးအမေကတော့ မီးလောင်ဒဏ်ရာကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံ ယူနေရတယ်လို့သိရပါတယ်”ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောပြသည်။ အဆိုပါ မီးလောင်မှုအတွက် ဦးရန်အောင်၊ ချမ်းမြသာစည်ရပ်နေသူအား (ပ) ၃၅၀ ပုဒ်မ ၂၈၅၊ ၃၀၄(က)ဖြင့် မုံရွာအမှတ်(၂)ရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Weekly Eleven News Journal
0 comments:
Post a Comment