<div style='background-color: none transparent;'></div>

Home » » မန္တလေးမှရန်ကုန်သို့အပြန် ၇၉မိုင်မှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ ရွှေရည်သိန်းတန်တို့ ဇနီး မောင်နှံရဲ့ အခြေအနေ

မန္တလေးမှရန်ကုန်သို့အပြန် ၇၉မိုင်မှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ ရွှေရည်သိန်းတန်တို့ ဇနီး မောင်နှံရဲ့ အခြေအနေ


မြန်မာသံတေးသံရှင် ရွှေရည်သိန်းတန် နဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင်အဆိုတော် ကောင်းသန့်ဟိန်းတို့ မန္တလေးမြို့မှာ ကျင်းပ ပြုလုပ်တဲ့ တွံတေးသိန်းတန် အမှတ်တရ   ဖျော်ဖြေပွဲအတွက် ဇူလိုင် ၃ဝရက်နေ့က မန္တလေးကို သွားရောက်ပြီး စီစဉ်နေရာချထားကာ ရန်ကုန်သို့အပြန် သြဂုတ်လ ၂ရက်နေ့၊ နေ့ခင်း ၃နာရီလောက်က ၇၉မိုင်မှာ ကားအက်ဆီးဒင့် ဖြစ်ပွားခဲ့ပြီး ကောင်းသန့်ဟိန်းက ပြင်းထန်စွာ အနာတရ မရှိခဲ့ပေမယ့်လည်း ရွှေရည်သိန်းတန် ကတော့ ညာဘက်ပေါင်တံ ဒဏ်ရာရခဲ့ကာ အခု အချိန် မှာတော့ ရန်ကုန် ဆေးရုံကြီး အမျိုးသမီး သီးသန့်ဆောင်မှာ ဆေးကုသမှု ခံယူနေကြောင်း သိရှိရပါတယ်။ ကားအက် ဆီးဒင့်ဖြစ်ပေါ်ခဲ့မှုနဲ့ ပတ်သက်ပြီး ကောင်းသန့်ဟိန်း က ”ရန်ကုန်က အသွားတုန်း ကတော့ ခွေးကို ဝင်တိုက်မိတယ်။ မန္တလေး မြို့ အဝင်နားမှာလည်း အဲဒီလိုပဲ နောက်ထပ် ခွေးသုံးကောင်လောက်က ကားကိုမြင်မြင် ကြီးနဲ့ တည့်တည့်ကြီးကို တစ်လှမ်းချင်း လှမ်းလာတာ။ ပြေးဝင်လာတာမဟုတ်ဘူး။
စိတ်ထဲမှာ ထင့်တော့ထင့်နေတယ်။ ထင့်နေလို့လည်း အဘကိုးမြို့ရှင်တို့ဆီမှာ ကန်တော့ ပွဲတောင် ပေးခဲ့လိုက်သေးတယ်။ အဲဒါတွေ ကြောင့်လည်း အခုလို ဆိုးဆိုးရွားရွားကြီး မဖြစ်ခဲ့တာ။ ရန်ကုန်ကိုပြန်လာမယ့်နေ့က ဝါဆို လပြည့်နေ့ဆိုတော့ မန္တလေးမဟာ   မြတ်မုနိ ဘုရားကြီးမှာ ရွှေသင်္ကန်းကပ်ပြီးတော့ မှ ရန်ကုန်ကို ပြန်လာတာ။ ပြန်လာတဲ့အချိန် ၇၉မိုင်ရောက်တော့ ကားအက်စီးဒင့်ဖြစ် တာပဲ။ အဲဒီအချိန်က မိုးတွေက လည်း တအားရွာနေတဲ့အချိန်။ လာရောက်ကူညီ ပေးဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့နေရာ။ တိုက်တိုက်ဆိုင်ဆိုင် ယူနီဆက်(ဖ်)တံဆိပ်နဲ့ ကားတစ်စီးရောက်လာလို့ အဲဒီလူတွေက ကယ်တင်ပေးခဲ့တာ။ အရင်ဆုံး ‘ဖဒို’တိုက်နယ် ဆေးရုံကို ပို့ပေးတယ်။ ဒီရန်ကုန်ဆေးရုံကြီး ကိုတော့ သြဂုတ်လ ၃ရက်နေ့ မနက်ပိုင်း လောက် မှာ   ရွှေ့ပြောင်းပေးခဲ့ကြတာ” လို့ ရှင်းလင်းပြောပြပါတယ်။ ကောင်းသန့်ဟိန်း က ပြင်းထန်တဲ့ဒဏ်ရာ အနာတရမျိုး မရှိခဲ့ပေမယ့်လည်း ရွှေရည်သိန်းတန်ကတော့ သွေး ထွက်များခဲ့တဲ့အတွက် သွေး၎ပုလင်းသွင်းခဲ့ ရတယ်လို့ သိရပါတယ်။ ညာဘက်ပေါင်တံ မှာ ဒဏ်ရာရရှိခဲ့တဲ့ ရွှေရည်သိန်းတန်က အခုအချိန်မှာ ခွဲစိတ်ကုသပြီးပြီဖြစ်တဲ့ အတွက် ဆရာဝန်ကြီးများရဲ့ ပြောပြချက်အရ တစ်လခွဲ လောက်မှ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန် လာမှာဖြစ်တယ်လို့ ရွှေရည်သိန်းတန်က ပြောပြပါတယ်။
  ထက်လူလူ
 popularmyanmar
Share this article :

1 comments:

မိုးသူ(တောင်ကြီး) said...

တော်ပါသေးတယ် မသေကောင်းမပျောက်ကောင်းနော်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map