<div style='background-color: none transparent;'></div>

Home » » မလေးရှားမှာနေခဲ့ဖူးတဲ့ အိမ်ကလေးကို အကြိုက်ဆုံးပဲဆိုတဲ့ သဇင်သင်း

မလေးရှားမှာနေခဲ့ဖူးတဲ့ အိမ်ကလေးကို အကြိုက်ဆုံးပဲဆိုတဲ့ သဇင်သင်း


အိမ် . . . တဲ့။ အဲဒီ့ ဝေါဟာရကို ကြားလိုက် ရရင်ဖြင့် ရင်ထဲမှာ ငြိမ်းချမ်း သွားသလိုပါပဲ။  မိသားစုရဲ့အငွေ့အသက်တွေ၊ ကိုယ်နဲ့အမြဲတစေ ထိတွေ့နေရတဲ့ အသုံး အဆောင် ပစ္စည်းလေးတွေ၊ နောက်ပြီး ကိုယ့်ရဲ့ လုံခြုံနွေးထွေးမှုကို ပေးနိုင်တဲ့ စိတ်ခံစားချက်တွေ ရောယှက်ပါနေတာက. . . အိမ် . . ဆိုတဲ့ ဝေါဟာရလေးပဲပေါ့။ ဘယ်လောက်ပဲ ဝေးကွာတဲ့ နေရာဒေသကို ရောက်ရှိနေပါစေ။
အိမ်ဆိုတဲ့ . . . ကွန်းခိုရာနေရာလေးကိုတော့ ရောက်အောင် ပြန်ချင်ကြစမြဲပါ။ ဒါကြောင့် သူတို့နေထိုင်တဲ့ အိမ်ကလေး ဒါမှမဟုတ် အိမ်ခန်းကလေးအကြောင်း တဖွဲ့တနွဲ့နဲ့ ပြောပြဖို့အတွက်ကိုတော့ အနုပညာရှင်တွေကို အကူအညီ တောင်းခဲ့ရပါတယ်။ အခုတစ်ပတ်မှာ အိမ်အကြောင်း ဖွင့်ဆိုမယ့် အနုပညာရှင်က သဇင်သင်း ပဲ ဖြစ်ပါတယ်။ သဇင့်အတွက်တော့ သဇင့်အိမ်လေးက လုံခြုံမှုအရှိဆုံးနဲ့ လွတ်လပ်မှုအရှိဆုံး နေရာတစ်ခုပါ။ အဲလိုမျိုးပဲ ယူဆမိပါတယ်။
စိတ်ကြိုက်အိမ်ပုံစံကို ပြောရရင် သဇင်ငယ်ငယ်တုန်းက နေဖူးခဲ့တဲ့အိမ်လေးပါ။
အဲဒီအိမ်ပုံစံကို သေချာမှတ်မိနေတယ်။ သဇင် ၅ နှစ်သမီးလောက်ပဲ ရှိသေးပေမယ့် အားလုံးနီးပါး မှတ်မိတယ်။ မလေးရှားနိုင်ငံမှာ ဖေဖေဆေးရုံအုပ်အဖြစ် တာဝန်ကျတုန်းက သဇင်တို့နေခဲ့ရတဲ့ အိမ်လေးပါ။ အိမ်ကလုံးချင်း အပြင်ကကြည့်ရင် တစ်ထပ်တည်း၊ အထဲမှာက နှစ်ထပ်ပါတယ်။ အပေါ်ထပ်မှာ ဘုရားခန်း၊ အိပ်ခန်း၊ အဓိက အိပ်ခန်းကျယ်ကြီး တစ်ခန်းနဲ့ အိပ်ခန်းကျယ်ရိုးရိုး ၁ ခန်း၊ ရေချိုးခန်းသီးသန့် ၁ ခန်းပါတယ်။
အောက်ထပ်မှာ ဧည့်ခန်း၊ ထမင်းစားခန်း ရှိတယ်။ မီးဖိုက လှေကားပုလေးနဲ့ ဆင်းသွားပြီး သီးသန့်လေးပါတယ်။ အိမ်ရှေ့မှာ အိမ်ထက်ကျယ်တဲ့ မြက်ခင်းပြင်နဲ့ အပင်အကြီးရှိတယ်။ အိမ်ဘေးမှာ ကားဂိုဒေါင်နဲ့ နောက်ဘက်မှာ ပန်းပင်လေးတွေပါတဲ့ မြေနေရာအကျယ်ကြီး ရှိတယ်။ အိမ်အောက်တည့်တည့် မှာလည်း သမီးတို့အရွယ်တွေ ဝင်ကစားလို့ ရတယ်။ ကစားကွင်းကျနေတာပဲ။ ပြီးတော့ အိမ်က တောင်ကုန်းလေးပေါ်မှာ အိမ်တွေကလည်း တစ်အိမ်နဲ့ တစ်အိမ် နီးတယ်။ ခင်လည်းခင်ကြတော့ တော်တော် ပျော်စရာကောင်းတယ်။ ခြံတံတိုင်း ခတ်ထားတာမျိုးလည်း မရှိဘူး။ ပန်းရုံလေးတွေလောက်ပဲ ခြားကြတာ။ အိမ်ရှေ့ မြက်ခင်းပြင်မှာ ဖေဖေဆေးရုံက ပြန်လာတာနဲ့ ကစားကြရတာ နည်းမျိုးစုံပဲ။ အရမ်းကြိုက်တဲ့ အိမ်လေးပေါ့။
အခုနေတဲ့ လက်ရှိ အိမ်လေးကို ကြိုက်တယ်။ အိမ် Decoration က သဇင်စိတ်ကြိုက် ဖေဖေက ခွင့်ပြုလို့ သဇင် စိတ်တိုင်းကျတဲ့ အိမ်လေးပါ။ သပ်သပ်ရပ်ရပ် ကျယ်ကျယ်ဝန်းဝန်းနဲ့ သဇင်သုံးချင်တဲ့အရောင် သုံးလို့ရတယ်။ ထားချင်တဲ့ပစ္စည်း ထားလို့ရတယ်။ နေဝင်နေထွက် ရှိတယ်။ လေဝင်လေထွက်လည်း ကောင်းတယ်။
အိမ်ပတ်ဝန်းကျင်ကလည်း မိတ်ဆွေတွေများတော့ နေလို့ကောင်းတာပေါ့။ပြုပြင်စရာမလိုသေးပါဘူး။ ထိန်းထိန်းသိမ်းသိမ်းနဲ့ သန့်သန့်ရှင်းရှင်းလေး ထားပြီးနေတော့ အိုကေပြီးသားပဲ။ သီရိဂေဟာဖြစ်ဖို့ဆိုရင် တော်တော်လေး ပြည့်စုံရမှာပေါ့နော်။ ပြောပြရရင် ပြီးမှာ မဟုတ်တော့ဘူး။ သဇင့်အတွက်တော့ သဇင့်အိမ်လေးက အအေးမြဆုံး သီရိဂေဟာလေးပဲလေ။
8days news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map