<div style='background-color: none transparent;'></div>

Home » » ယမန်နေ့ ည ၈ နာရီခွဲခန့်တွင် ရန်ကင်းပန်းခြံရှေ့၌ ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွား(သတင်း/ဓာတ်ပုံ)

ယမန်နေ့ ည ၈ နာရီခွဲခန့်တွင် ရန်ကင်းပန်းခြံရှေ့၌ ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွား(သတင်း/ဓာတ်ပုံ)

 
ကားရှေ့ခန်းတွင် ပိတ်မိနေသူကို အပြင်သို့ထုတ်ရန် ကြိုးပမ်းနေကြစဉ်
သြဂုတ်လ ၁၁ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန်တွင် ရန်ကင်း မြို့နယ်၊ ဆရာစံလမ်းနှင့် ရန်ကင်းလမ်းဆုံရာ မီးပွိုင့်အနီး၊ ရန်ကင်းပန်းခြံရှေ့၌ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 
ဖြစ်ပွားပုံမှာ ည ၈ နာရီခွဲအချိန်ခန့်တွင် မီးပွိုင့်ဘက်မှလာသော ကန်တာယာဉ်နှင့် ဈေးကွေ့ဘက်မှလာသော ဘီအမ်ခရီးသည် တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

''ကားတိုက်မှုက ည ၈ နာရီ ခွဲလောက်မှာ ဖြစ်တယ်။ ဖြစ်ပြီး ၁၅ မိနစ်လောက်အကြာမှာ မီးသတ်ကို ဖုန်းဆက်လိုက်လို့ မီးသတ်ကားနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာတယ်။ ကန်တာကားရှေ့ခန်းမှာ ညှပ်မိနေတဲ့သူတစ်ဦးကို ခက်ခက်ခဲခဲ အပြင်ထုတ်ရတယ်။ မီးသတ်တပ်ဖွဲ့တွေ ရောက်လာပြီး မိနစ် ၂၀ အကြာလောက်မှာ အပြင်ကို ထုတ်နိုင်ခဲ့ပါတယ်''ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပြခဲ့သည်။
ကန်တာယာဉ်ကို ကရိန်းဖြင့်ဆွဲတင် နေစဉ်
''ကန်တာနဲ့ ဘီအမ်မျက်နှာချင်းဆိုင် တိုက်မိကြတာပါ။ ကန်တာရဲ့ရှေ့ခန်းမှာ အမျိုးသားသုံးဦး လိုက်ပါလာပြီး တစ်ဦးကတော့ တော်တော်ခက်ခက်ခဲခဲ အပြင်ထုတ်ရတယ်။ အနောက်မှာပါလာတဲ့သူတွေလည်း ကားခေါင်းခန်းနဲ့ရိုက်မိကုန်ပြီး ဒဏ်ရာရကုန်တယ်။ ဘီအမ် ပေါ်မှာပါလာတဲ့ ခရီးသည်တွေလည်း ဒဏ်ရာရကြတယ်''ဟု ဆရာစံလမ်းတွင် နေထိုင်သူတစ်ဦးက မြင်တွေ့ခဲ့ရပုံကို ပြောပြခဲ့သည်။
news eleven media 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map