ယနေ့ဗီဒီယိုဈေးကွက်မှာ ကိုယ်ရောင်းချင်တဲ့ဈေးဖြင့် ရောင်းချ၍ မရဘဲနယ်ကပေးသောဈေး ဖြင့်သာ ရောင်းချနေရကြောင်း ရုပ်ရှင်ထုတ်လုပ်သူအကယ်ဒမီ လူမင်းက ပြောကြားခဲ့သည်။
“ရန်ကုန်က ထုတ်လုပ်သူတွေအနေနဲ့ ကိုယ်ထုတ်လုပ်လိုက်တဲ့ ကားတစ်ကားကို ကိုယ်ကြိုက် တဲ့ဈေးခေါ်ပြီး ရောင်းလို့ရတာမဟုတ်ဘူး။ နယ်တွေကပေးတဲ့ ဈေးနဲ့ရောင်းနေရတာ။ ကိုယ့်ဘက်က ဘယ် လောက်လျှော့ပေးပေး မ၀ယ်ဘူး။ သူမှမ၀ယ်ရင်လဲ ၀ယ်မယ့်လူ မရှိဘူး။ ဈေးကွက်စီးပွားရေးစနစ်မှာ ရောင်း ၀ယ်မှုပုံစံက တစ်ခုခုတော့ မှားနေတယ်။ အရင်တုန်းက ကြိုတင်ပေးတဲ့စနစ် အခုကျတော့ သူတို့ကြိုက်တဲ့ဈေး ပေးနေရတာကိုတောင် အကြွေးနဲ့ရောင်းနေရတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ဗီဒီယို(နယ်)ဈေးကွက် ပြန်လည်ဖွံ့ဖြိုးဖို့အတွက် နယ်ရှိ ဗီဒီယိုအခြေခံအဖွဲ့အ စည်းများကို အမှန်တကယ်လုပ်နိုင်ကိုင်နိုင်မည့်သူများဖြင့် ပြန်လည်ဖွဲ့စည်းသင့်ကြောင်း၊ အချိန်ကာလတစ်ခုအ တွင်း ခိုးကူးများအား ဖမ်းဆီးရန်ကြိတ်မှိတ်ပြီး လုပ်နေရသလို၊ ကြိတ်မှိတ်ပြီး စောင့်နေရသည့်ကာလတစ်ခုဖြစ် ကြောင်း၊ ဗီဒီယိုဈေးကွက်ပြန်လည် တည့်မတ်ဖို့အတွက် ခိုးကူးခွေပြဿနာ၊နည်းပညာပြဿနာက အဓိကကျ ကြောင်း ပြောကြားသွားပါသည်။
N/A - အတွဲ ၁၊ အမှတ် ၃၁

0 comments:
Post a Comment