<div style='background-color: none transparent;'></div>

Home » » နေပြည်တော် ပျဉ်းမနားတွင်အရွယ် မရောက်သေး သူအား လိင်အလွဲ သုံးစားပြုရန် ကြံစည်သူကို အရေးယူ

နေပြည်တော် ပျဉ်းမနားတွင်အရွယ် မရောက်သေး သူအား လိင်အလွဲ သုံးစားပြုရန် ကြံစည်သူကို အရေးယူ


မိခင်ဖြစ်သူ မြက်ရိတ် သွားခိုက် အိမ်တွင် ကျန်ရစ်ခဲ့သူ မိန်း ကလေးငယ် အား အိမ်နီးချင်းဖြစ်သူက လိင်အလွဲသုံးစားပြု ရန် ကြံစည်သဖြင့် မိခင်ဖြစ်သူက အမှုဖွင့် တိုင်ကြားခဲ့မှု ဇူလိုင် ၂၈ ရက်က နေပြည်တော် ပျဉ်းမနားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၈ရက် နံနက် ၁၁နာရီအချိန် ခန့်က နေပြည်တော် ပျဉ်းမနား ___ ရွာနေ မ___(၂၉) နှစ်သည် ရွာအပြင်သို့ မြက်ရိတ်ထွက်ရာ သမီးဖြစ်သူ မ ___ (၆နှစ်)မှာ အိမ်တွင်တစ်ဦးတည်း ကျန်ရစ်ခဲ့သည်ဟုဆို သည်။
ထိုအချိန်တွင် အိမ်နီးချင်းဖြစ်သူ ညိုစန်းဝင်းရောက် လာပြီး အိမ်တွင်တစ်ဦးတည်း ကျန်ရစ်နေသူမိန်းကလေး ငယ်အား ညိုစန်းဝင်းက သူအိပ်ချင်နေ၍ အိပ်ခန်းအတွင်းရှိ ခေါင်းအုံးအား ယူပေးရန် စေခိုင်းလိုက်သည် ဟုဆိုသည်။ ကလေးငယ်ကအိပ်ခန်းအတွင်းရှိခေါင်းအုံးအားဝင်ယူ စဉ် ညိုစန်းဝင်းက အိပ်ခန်းအတွင်း လိုက်လာပြီး လိင်အလွဲ သုံးစားပြုလုပ်ရန် ကြိုးစား၍ ကလေးကလည်း အော်ဟစ်ခဲ့ သည်။ ညိုစန်းဝင်းလည်း ယင်း၏နေအိမ်သို့ ပြန်သွားခဲ့သည် ဟုသိရသည်။

ထို့နောက်မိန်းကလေးငယ်သည်မိခင်ဖြစ်သူမြက် ရိတ် ပြန်လာစဉ် အဖြစ်အပျက်အားတိုင်ကြားပြောပြသဖြင့် ကလေးငယ်၏မိခင်က ညိုစန်းဝင်းကို ဥပဒေအရ အရေးယူ ပေးပါရန် တိုင်တန်းခဲ့ရာ နေပြည်တော် ပျဉ်းမနား ရဲစခန်း (ပ)၄၃၀/၂၀၁၂ပြစ်မှုပုဒ်မ၃၇၆/၅၁၁(မုဒိမ်းကျင့်ရန်ကြံစည်မှု) အရ အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ဒီဘက် ဆယ်စုနှစ်တွေမှာ ဒီလိုမကြားဝံ့မနာသာ သက်ငယ်မှုတွေ များလာတာကို တွေ့ရတယ်။ လူကြီးချင်း ပေးစားထားတဲ့ ဇနီးမယားပဲဖြစ်ဖြစ်၊ ကာယကံရှင်က သဘောတူကြည်ဖြူလို့ပဲဖြစ်ဖြစ် မိန်းကလေးဆိုရင် အသက် (၁၄)နှစ်နဲ့အောက်ကို ဘယ်လိုအကြောင်းအရာကြောင့်ပဲ ဖြစ်ဖြစ် လိင်ကိစ္စကျူးလွန်ရင် ပြစ်မှုပုဒ်မ ၃၇၆ မြောက်ပါ တယ်။ သမီးမိန်းကလေးမွေးထားတဲ့မိဘတွေကလည်း ကိုယ် သမီးကိုယ် ငယ်သေးတယ် မဖြစ်လောက်ပါဘူးလို့ ထင်ထား ပြီး ပေါ့ပေါ့လျော့လျော့ ထားတတ်တော့ အကြံသမား တွေ အတွက် လွယ်ကူသွားတတ်တာတွေလည်း ရှိပါတယ်” ဟု ဥပဒေအကြံပေးအရာရှိတစ်ဦးက ပြောသည်။
7days news journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map