Home »
သတင်း
» ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား
ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်ငါးထောင်တန်ဖုန်းကို အများပြည်သူများ ကိုင်ဆောင်နိုင်ရေးအတွက် ရွှေ ပြည်တံခွန်ကုမ္ပဏီအား ၉-၇-၂၀၁၂ ရက်က အတိုင်ပင်အဖွဲ့ဝင်အဖြစ် ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။ “သုံးလအတွင်းကျပ်ငါးထောင်တန်ဖုန်းထွက်မယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဆက်သွယ်ရေးက ကျွန်တော်တို့ ကို အတိုင်ပင်ခံ အဖွဲ့အဖြစ် ခေါ်ယူခဲ့တယ်။ လိုအပ်တဲ့တင်ဒါတွေ ခေါ်ယူသွားပြီးရင် ကျွန်တော့်အထင်အရ ၂၀၁၃ ဆီးဂိမ်းမတိုင်ခင်မှာ ရရှိမှာပါ”ဟု ၁၁-၈-၂၀၁၂ ရက်ကရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။
ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တင်ဒါခေါ်ယူခြင်းကို ၁-၈-၂၀၁၂ ရက်က ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း၊အတိုင်ပင်ခံအဖွဲ့ကို နိုင်ငံတကာတွင် ပြုလုပ်နေသော ဆက်သွယ်ရေးစနစ်အတိုင်း လုပ် ဆောင်နိုင်ရန်အတွက် လိုအပ်သည့်အချက်အလက်များကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ တင်ပြဆောင်ရွက်နေကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒါကစီမံကိန်းကြီးတစ်ခုဖြစ်တဲ့အတွက် တင်ဒါစနစ်အပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ တစ် နိုင်ငံလုံးအတိုင်းအတာလားဆိုတာကတော့ ကျွန်တော်တို့မသိရသေးပါဘူး။ တင်ဒါအောင်မှပဲ သိရမှာပါ။ အဲ့ဒီတင်ဒါကလည်း နိုင်ငံတကာက ပါဝင်တာဖြစ်တယ်။ ကျွန်တော်တို့လည်း ၀င်ပြိုင်ထားပါတယ်”ဟု ရွှေပြည် တံခွန်မှ MD ကိုလွင်နိုင်ဦးက ဆက်လက်ပြောကြားသည်။ ငွေကျပ်ငါးထောင်တန်ဖုန်းအတွက် အတိုင်ပင်ခံအဖွဲ့ အား ဖွဲ့စည်းရာတွင် လူစာရင်းအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာပေးခြင်းမရှိသေးသော် လည်း ငွေကျပ်ငါးထောင်သို့မဟုတ် ငွေကျပ်ငါးထောင်ထက်နည်းသောဖုန်းများ ဖြစ်လာနိုင်ကြောင်း ရွှေပြည်တံ ခွန်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “နိုင်ငံတော်က ပွင့်လင်းမြင်သာမှုတွေရှိလာပြီဆို တော့ ဒီပုံစံအတိုင်းဆိုရင်တော့ ၂၀၁၃ ဆီးဂိမ်းမတိုင်ခင်ရရှိမှာပါ။ နိုင်ငံတကာနဲ့ တန်းတူဖြစ်အောင် နိုင်ငံတော် ကစီစဉ်နေတာဖြစ်ပါတယ်”ဟု ဦးလွင်နိုင်ဦးက ထပ်မံပြောကြားသည်။
ပြည်မြန်မာသတင်း
1 comments:
အားပေးသွားပါတယ်နော်စာတွေလည်းအများကြီးဖတ်ခဲ့ပါတယ်
Post a Comment