လတ်တလောကြိုက်နေတဲ့ဖက်ရှင်
ဂါဝန်လေးတွေပဲ ကြိုက်တယ်။ ကုတ်လေးတွေကြိုက်တယ်။
အရင်ခရစ္စက နည်းနည်းဝတယ်။ အခုလိုကိုယ်လုံးလေးဖြစ်ဖို့ Body Beauty ကိုရော ဘယ်လိုထိန်းလဲ။
အဓိက,က အစားလျှော့စားရတာပေါ့။ အရင်လည်း အများကြီးတော့ စားတာမဟုတ်ပါဘူး။ အပြင်မှာ တွေ့တဲ့သူတွေက ပြောကြတယ်။ တီဗီထဲမှာသာ နည်းနည်း ပိုကြီးနေတာတဲ့။ အဲဒါကြောင့် အဲဒီထက်ပိုသေးအောင် သူများနည်းတူ စားတယ်။ ထမင်းနည်းနည်းလောက်ပဲ၊ ညစာမစားဘူး။
ခရစ္စတီးနားဆိုတဲ့ နာမည်ရှိနေအောင် ခရစ္စဘက်က ဘာတွေပြင်ဆင်ထားလဲ။

အမြဲကြိုးစားနေတာပဲ။ ဘယ်နေရာပဲ ရောက်ရောက် ဘယ်လိုပဲဖြစ်ဖြစ် အနုပညာဘက်ရောက်ရင် ကြိုးစားနေတာပဲ။
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အနုပညာရှင်တွေရဲ့ သတင်းပုံတွေ အမြဲမပြတ်တွေ့နေတယ်၊ အဲဒီအပေါ် ခရစ္စရဲ့အမြင်
နည်းပညာ တိုးတက်တာတော့ ကောင်းပါတယ်။ ကျန်တာက တကယ် ဟုတ်မဟုတ်ဆိုတာ ပရိသတ်က ဆုံးဖြတ်မှာပါ။ နည်းပညာနဲ့ မင်းသမီးတွေကို ဂုဏ်သိက္ခာကျအောင် လုပ်ထားတယ်ဆိုရင်လည်း အမှန်တရားကတော့ ပေါ်လာမှာပဲလေ။ အဲလိုမျိုးကိုတော့ ကိုယ်ကျင့်တရားနဲ့ ထိန်းထိန်းသိမ်းသိမ်း နေတာကတော့ အကောင်းဆုံးပါပဲ။
မိန်းကလေးနဲ့ ကိုယ်ကျင့်တရားကို ဘယ်လိုကြည့်ပြီး ဆုံးဖြတ်လဲ။
အပေါ်ယံကြည့်ပြီးတော့ ဆုံးဖြတ်လို့ရမယ် မထင်ပါဘူး။ သူ့ရဲ့အပြုအမူ အနေအထိုင် အပြောအဆိုတွေပေါ်မှာပဲ ဆုံးဖြတ်လို့ရတယ်လို့ပြောလာတဲ့ ခရစ္စတီးနားက အခုနောက်ပိုင်း ဇာတ်တွေကို လက်ခံရိုက်ကူးရင် ကားရိုက်တာကိုကြည့်သလို လုပ်ကွက်ကိုကြည့်ပြီး တစ်ကားနဲ့တစ်ကား မတူအောင် လက်ခံရိုက်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။
news.yatanarpon

0 comments:
Post a Comment