<div style='background-color: none transparent;'></div>

Home » » နန္ဒာလှိုင်ဆိုတဲ့ စိတ်ကမရှိတော့ဘဲ သူတို့ရဲ့ မေမေဆိုတဲ့ စိတ်ပဲရှိလာတော့တယ် နန္ဒာလှိုင်

နန္ဒာလှိုင်ဆိုတဲ့ စိတ်ကမရှိတော့ဘဲ သူတို့ရဲ့ မေမေဆိုတဲ့ စိတ်ပဲရှိလာတော့တယ် နန္ဒာလှိုင်


“သားတို့ရုပ်ရည် သီတာမည် သားရေကြည်ချမ်းမြ တစ်ပေါက်ကျရုံမျှနဲ့ မိဘတို့ ဝမ်းငြိမ်းစတမ်း” တဲ့ သားသမီးတွေနဲ့  ပတ်သက်ရင်

ကောင်းသတင်းကောင်းခြင်း အဖြာဖြာနဲ့ ပြည့်စုံစေချင်တာ၊ ပြည့်စုံစေဖို့ မျှော်လင့်တာတွေဟာ မိဘတိုင်းရဲ့ ရင်တွင်းက ဆန္ဒနဲ့ ဒီဏ္ဍလေးကို တင်ဆက်ဖြစ်ခဲ့ပါတယ်။ နန္ဒာလှိုင်ကတော့ သမီးလေးတွေနဲ့ ပတ်သက်ပြီး ခုလိုပြောပြခဲ့ပါတယ်။ သမီးကြီးလေးကတော့ (၃) နှစ်နဲ့ (၁) လ။ သမီးငယ်လေးကတော့ ရွှေရတီလှိုင် (၁) နှစ်နဲ့ (၁) လရပါပြီ။


ဒီအရွယ်မှာကျတော့ သမီးလေးနှစ်ယောက်ကို အော်တာငေါက်တာ ဘယ်တော့မှ မလုပ်ဘူး။ ကလေးဆိုပြီး ဆိုးတာလေးတွေ၊ ဂျီတိုက်တာလေးတွေ ရှိပေမယ့် သူတို့နားလည်အောင် ချိုချိုသာသာလေးနဲ့ ဆုံးမတယ်။ သူတို့ကို အတင်းကြီး ပုံမသွင်းချင်ဘူး။ သူတို့ ဘာဖြစ်ချင်တာလဲဆိုတဲ့ အနေအထားကိုပဲ အကောင်းဆုံးကိုပဲ ပံ့ပိုးပေးမှာပါ။ သူတို့ဆန္ဒအတိုင်းပဲ ဖြစ်မှာပါ။ သူတို့ ဘဝလမ်းကြောင်းကို ပုံမသွင်းပါဘူး။ အမေက သရုပ်ဆောင်တစ်ယောက် ဖြစ်နေတဲ့အတွက် သမီးနှစ်ယောက်က အနုပညာ ဝါသနာပါခဲ့မယ် ဆိုရင်လည်း အကောင်းဆုံးဖြစ်အောင် ကူညီပံ့ပိုးပေးရမှာပေါ့။

ခုလောလောဆယ်တော့ အနုပညာ ဝါသနာပါတာကို မပြပေမယ့် အမေသီချင်းဆိုတာကိုမြင်ရင် လိုက်ဆိုတယ်။ အနုပညာတစ်ခုခုကို အရမ်းစိတ်ပါ ဝင်စားတယ်ဆိုတာကို မပြပါဘူး။ ဒီသမီးလေးနှစ်ယောက်က နန္ဒာရဲ့ဘဝပါ။ ကိုယ့်ရဲ့ဆန္ဒက မရှိတော့ဘူးဆိုတာတောင် ဖြစ်သွားတယ်။ သမီးလေးတွေ အတွက်ပဲ ဖြည့်ဆည်းပေးချင်တာ။ နန္ဒာလှိုင်ဆိုတဲ့ စိတ်ကမရှိတော့ဘဲ သူတို့ရဲ့ မေမေဆိုတဲ့ စိတ်ပဲ ရှိလာတော့တယ်။ ဘာပဲစဉ်းစားစဉ်းစား သူတို့အတွက်ပဲ စဉ်းစားဖြစ်တယ်။ အနာဂတ်ဆိုတာလည်း သူတို့ပဲဖြစ်လာတာပါ။ နန္ဒာ ငယ်ငယ်တုန်းကဆိုရင် မေမေ့ကို အရမ်းချစ်ပြီး သိတတ်စ အရွယ်ကတည်းက မေမေ့နားမှာပဲ ကပ်နေတာ။ အဲဒီအတွက်ကြောင့် မိဘကို ချစ်လှချည်လို့ပဲ ထင်နေတာ။ တကယ်တမ်း ကိုယ့်ကလေးလေး ရလာပြီဆိုကတည်းက သိလာတဲ့ အချိန်ကစပြီး ကိုယ့်ရဲ့ အသိအတွေးတရားတွေက ပိုပြီးပြည့်စုံလာသလို မိဘတွေရဲ့ ခံစားချက်ကို ပိုပြီးနားလည်သွားတယ်။ မိခင်မေတ္တာကို ဖွဲ့ဆိုချင်တာဆိုရင်တော့ တခြားမိတ်ဆွေထက် အခုဒီသမီးလေးပေါ်မှာ ထားတဲ့ မေတ္တာတရားဟာ ဘာနဲ့မှနှိုင်းလို့ မရပါဘူး။

Source: The article first appeared on news.yatanarpon.com.mm
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map