<div style='background-color: none transparent;'></div>

Home » » မိန်းကလေး တစ်ယောက် အသည်း ကွဲနေ တယ် ဆိုတဲ့ ဖြူဖြူကျော်သိန်း

မိန်းကလေး တစ်ယောက် အသည်း ကွဲနေ တယ် ဆိုတဲ့ ဖြူဖြူကျော်သိန်း


ဖြူဖြူကျော်သိန်းရဲ့ ကိုယ်ပိုင် သံစဉ်တေးစီးရီး အသစ်ကို ‘ချယ်ရီလမ်း’ လို့ အစက အမည် ပေးထားခဲ့ပြီး အခုအချိန်မှာတော့ စီးရီး ခေါင်းစဉ် ကို ပြောင်းလဲ လိုက်ပြီ ဖြစ် ပါတယ်။ ပြောင်းလဲလိုက်တဲ့ နာမည်ကတော့ ‘မိန်းကလေး တစ်ယောက် အသည်းကွဲနေတယ်’ လို့ သိရပါတယ်။ အဲဒီ အကြောင်း ကို ဖြူဖြူကျော်သိန်း က ”ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ပြောင်းချင်လို့ပါ။ သီချင်းတွေ အကုန်လုံး ပြန်နားထောင်တဲ့အခါ အခုလောလောဆယ်မှာ စိတ်ထဲက အဲဒီလိုမျိုး ပြောင်းချင်လာတာ နဲ့ ခေါင်း စဉ်ပြောင်းလိုက်တာပါ” လို့ ပြောတဲ့ ဖြူ ဖြူကျော်သိန်းရဲ့ အခွေက အားလုံး ပြီးစီးသွား ပြီ ဖြစ်ပြီး အခွေကာဗာလည်း ရိုက်ပြီးကြောင်း သိရပါတယ်။

”အခွေကာဗာ ကိုတော့ အရင်အခွေတွေ နဲ့ မတူဘဲ ဒီတစ်ခေါက်မှာ Outdoor ရိုက်ထားတယ်။ ခါတိုင်းတော့ စတူဒီယို ထဲမှာပဲ ရိုက်ပြီး ဒီဇိုင်း လုပ်တာပေါ့။ အခုတော့ အရသာ လည်းပြောင်းချင်လို့ Outdoor ရိုက်လိုက်တယ်။ အရသာကတော့ ပြောင်းသွားတာပေါ့” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ တစ်ခွေလုံးကို ကိုယ်ပိုင်သံစဉ် အဖြစ် ပထမဆုံး အနေနဲ့ ထွက်ရှိလာမယ့် ‘မိန်းကလေး တစ်ယောက် အသည်းကွဲနေတယ်’ အခွေ အတွက် ဖြူဖြူကျော်သိန်း ရဲ့ စိတ်ထဲ မှာ ဘယ်လိုရှိနေမလဲ ဆိုတာကတော့ ”စလုပ်ကတည်း ကိုက အရင် အခွေတွေနဲ့ ကွာနေပြီ။ ပြီးတော့ ကိုယ့် အတွက် ဆိုလည်း လုံးဝအသစ် တစ်ယောက်လို ခံစားရတယ်။ ကိုယ်ပိုင် သံစဉ်တွေလည်း အရင်က အတွဲအခွေတွေမှာ တစ်ပုဒ် စီဆိုပါတယ်။ အခုဟာက တစ်ခွေလုံး ကိုယ့်အတွက်ပဲ တည်ထားတဲ့ သီချင်းတွေနဲ့ ကိုယ် ပိုင်သံစဉ် တစ်ကိုယ်တော် အနေနဲ့ ထွက်ရတာ ဆိုတော့ စိတ်ဝင် စားစရာ လည်း ကောင်းတယ်။ ပျော်လည်း ပျော်တယ်။ ကျေလည်း ကျေနပ် တယ်။ သီချင်းတွေ အကုန်လုံးကိုလည်း အား ရတယ်” လို့ ဖြူဖြူကျော်သိန်း ကသူ့အခွေ အကြောင်း ပြောပါတယ်။
လတ်တလောမှာတော့ ဂီတအစည်း အရုံးကအသစ် ပြန်လည် ဖွဲ့စည်းတော့ မှာ ဖြစ်ပြီး အဲဒီအပေါ်မှာ ဂီတလောကသား အားလုံး နီးပါးမှာ ရှိနေတဲ့ ဆန္ဒကတော့ ခိုးကူး ပပျောက် ရေးပါ။ ဒီအကြောင်းနဲ့ ပတ်သက် ပြီး ဖြူဖြူကျော်သိန်းက ”အဖွဲ့အစည်း ဆိုတာကတော့ အသစ်ဖွဲ့တယ် ဆိုပြီး ပြောင်းလိုက် ရုံနဲ့တော့ မဖြစ်ဘူး။ ဘာလုပ်ကြ မလဲပဲ အရေးကြီးတာ။ ဒါပေမဲ့ ဒါကလည်း အားလုံးအပေါ်မှာ တာဝန်ရှိတယ်။ အစ်မအနေနဲ့ လုပ်နိုင် တဲ့ ဘက်ကနေဝင်ပြီး လုပ်ပေးဖို့တော့ ဆန္ဒရှိတယ်။ တကယ် အလုပ်လုပ်နေ ရတဲ့လူတွေ လက်တွေ့ ကြုံနေရတာ ဘာလဲဆိုတော့ ခိုးကူးကြောင့် ပဲ။ ဈေးကွက်ကို ထိခိုက်တာလည်း ခိုးကူးကြောင့်ပဲ။ အဝေး ကြီး လျှောက်တွေး နေစရာ မလိုဘူး။ မြန်မာနိုင်ငံ ဂီတလောကရဲ့ ဖြစ်နေ တဲ့ ဖြစ်ရပ်ဟာ ခိုးကူးကြောင့် အများကြီး ဖြစ်ပျက်နေတာပါ။ အနုပညာ အသစ် တွေ မထွက်နိုင်ဘူး။ ကော်ပီကို မှီခိုနေရ တယ်။
Own Tune တွေ ထွက်ဖို့ ခက်ခဲနေ တယ်။ ထုတ်လုပ်ရေးတွေ သေချာ မရှိတော့ ဘူး။ ဖြန့်ချိမှု ပိုင်း အားနည်းနေတယ်။ အစစ အရာရာ ဒီအပေါ်မှာ မူတည်နေတယ်။ အဲဒါကြောင့် တရားဥပဒေ စိုးမိုးရေးနဲ့ တရား မျှတမှု ရှိရေးဟာ သိပ် အရေးကြီးတယ်။ လာဘ်ပေးလာဘ်ယူ လုပ်လို့နေသရွေ့၊ တရား ဥပဒေ စိုးမိုးမှု မရှိသရွေ့တော့ အစ်မတို့ လောကသားတွေ အနေနဲ့ ဘယ်လိုပဲ ဖွဲ့စည်း ဖွဲ့စည်း ထူးမှာ မဟုတ်ဘူး။ လူငယ်တွေကိုလည်း အများကြီး ပါစေချင် တယ်။ ဒီအထဲမှာ ဝင်ရမှ ရယ်လည်း မဟုတ်ဘူး။ နေရာ တစ်နေရာ ရမှ မဟုတ်ဘူး။ ကိုယ့်စိတ်ထဲ ဦးနှောက်ထဲမှာ စဉ်းစားထားတာတွေ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို တစ်စု တစ်စည်းတည်း ညီညီ ညွတ်ညွတ်နဲ့ အားလုံး လုပ်သွားမယ် ဆိုရင် ဖြစ်ကိုဖြစ်မှာပါ” လို့ ဖြူဖြူကျော်သိန်းက ပြောပြပြီး သူကိုယ်တိုင်လည်း ဝင်ရောက် ရွေး ချယ်ခံ အဆိုပြုလွှာ တင်သွင်းဖို့တော့ စိတ်ကူး ရှိတယ်လို့လည်း သိရပါတယ်။ ဖြူဖြူကျော်သိန်း က သူ့အနေနဲ့ လတ်တလောမှာ စိတ်ဝင်စား နေတာကတော့ ဒေါ်အောင်ဆန်းစု ကြည် ရဲ့ မိန့်ခွန်း များ ပဲဖြစ်ကြောင်း သိရပါတယ်။
ရဲရဲ 
popular news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map