<div style='background-color: none transparent;'></div>

Home » » နိုင်ငံခြား ဧည့်သည်တစ်ဦး ဦးပိန်တံတားပေါ်မှ ပြုတ်ကျ

နိုင်ငံခြား ဧည့်သည်တစ်ဦး ဦးပိန်တံတားပေါ်မှ ပြုတ်ကျ


အင်္ဂလန်နိုင်ငံသား ကမ္ဘာလှည့်အမျိုးသမီးတစ်ဦးသည် တောင်သမန်အင်းကို ဖြတ်၍ ဆောက် လုပ်ထားသော အမရပူရမြို့အနီးရှိ ဦးပိန်တံတားပေါ်မှ ဇွန် ၂၄ ရက်က ပြုတ်ကျသွားကြောင်း သတင်းရရှိသည်။

“မေးရိုးမှာ သုံးချက်၊ ခြေဖနှောင့်လေးချက်၊ ခြေသလုံးရိုးကျိုး၊တင်ပစုံရိုးအက်ဖြစ်သွားတယ်။ တံ တားပေါ်မှာ လမ်းလျှောက်နေရင်း လေတိုက်လို့စကပ်လန်သွားတာကို ဖုံးလိုက်တာကနေ အောက်ပြုတ်ကျသွား တာ” အဆိုပါဖြစ်စဉ်တွင် ကူညီဆောင်ရွက်ပေးခဲ့သော မန္တလေးဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါဧည့်သည်အား မန္တလေးဆေးရုံကြီးမှ တစ်ဆင့်ရန်ကုန်မြို့သို့ သယ်လာခဲ့ပြီး စင်းလုံးငှား လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်သွားကြောင်း သတင်းရရှိသည်။

“ဦးပိန်တံတားကနေ နိုင်ငံခြားသားပြုတ်ကျတာ ဒါပထမဦးဆုံးပဲ။ မင်းကွန်းပုထိုးတော်ကြီးက နေတော့ သုံးခါလောက်နိုင်ငံခြားသား ပြုတ်ကျဖူးတယ်” ဟု မန္တလေးမြို့တွင် ခရီးသွားကုမ္ပဏီ ဖွင့်လှစ်ထားသူ တစ်ဦးက ပြောသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည်လာရောက်မှု မြင့်တက်လာသလို မတော် တဆမှုများမှာလည်း ပုဂံဒေသအပါအ၀င် နေရာအချို့၌ ဖြစ်ပွားခဲ့သည်။

Source: The article first appeared on 7 DAY NEWS Journal - အတွဲ ၁၁၊ အမှတ် ၁၇
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map