<div style='background-color: none transparent;'></div>

Home » » အင်တာနက်က Commentတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့သရုပ်ဆောင်နဲ့ မော်ဒယ် ချောရတနာ ရဲ့ ညီမဖြစ်သူ မော်ဒယ် သန္တာဗိုလ်

အင်တာနက်က Commentတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့သရုပ်ဆောင်နဲ့ မော်ဒယ် ချောရတနာ ရဲ့ ညီမဖြစ်သူ မော်ဒယ် သန္တာဗိုလ်


အနုပညာ လှုပ်ရှားမှု အားကောင်း လာသလို ဇာတ်ကားတွေ အရိုက် များလာတဲ့ သန္တာဗိုနဲ့ တွေ့ဆုံခိုက် လူငယ်မင်းသမီး တစ်ယောက်ရဲ့ အင်တာ နက်ပေါ်က ခံစားချက်ကို မေးကြည့်တော့-
“အင်တာနက်နဲ့ပတ်သက်ရင် စိတ်ရှုပ်စရာတွေကြုံဖူးပါတယ်။ တချို့ကျတော့လည်း ဘာမဟုတ်တာလေးတစ်ခုနဲ့သူများကို Comment ရေးတာ စိတ်ရှုပ်စရာတွေကြုံဖူးပါတယ်။
အင်တာနက်ကကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းရှိတယ်။ ကလေးတွေအတွက်သိပ်မသင့်တော်သေးဘူး ထင်တယ်။ အသက် (၁၈)နှစ်ပြည့်ပြီးတဲ့သူတိုင်းတော့သင့်တော်မှာပါ။ ကိုယ့်အတွက်စိတ်ထိခိုက်ရာကတော့ Comment ပါပဲ။
ပေါက်ကရတွေရေးထားတာ စိတ် ပျက်ပါတယ်။ ဥပမာ- ရေကူးဝတ် စုံပဲထားပါတော့ အစ်မရယ်၊ ရေကူး ကန်မှာရေကူးတာ ရေကူးဝတ်စုံဝတ် တာကိုချဲ့ထွင်ပြီးပြောတာမျိုးကို မစဉ်းစားရဲတော့ဘူး။နောက် တစ်ခုက 2 Piece ဆိုရင် တော့ မြန်မာပြည်နဲ့မကိုက် ဘူးပေါ့။
အဲလိုမဟုတ်ဘဲ သာမန်ဝတ်စုံဆိုရင်တော့ ဘာပြောစရာလိုမှာလဲ။ အနုပညာ အလုပ်လုပ် တော့မှလည်းမော်ဒယ် သူငယ်ချင်းတွေရော အပြင်ကသူငယ်ချင်းတွေ ရော အားရင်အားသလိုမုန့် တွေဘာတွေ သွားစားဖြစ်ပါ တယ်”ဆိုတဲ့ သန္တာဗိုကို အချစ်ရေးနဲ့ပတ်သက်ပြီး မေးကြည့်တော့- “ညီမကတော့ ပရိသတ်ကို တကယ် အတည်တကျဖြစ်သွားပြီ။ မိဘတွေလည်း သဘောတူ လက်ထပ်ဖို့လောက်အထိ စဉ်းစားပြီးမှ ပြောပြမယ်၊ ခုချိန်မှာတော့ သေချာလား၊ မသေချာလားမသိသေးပါဘူး” လို့ ဆိုသွားပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map