<div style='background-color: none transparent;'></div>

Home » » နိုင်ငံတော် သမ္မတက ရိုဟင်ဂျာ ကိစ္စကို တရားဝင် ထုတ်ဖော်ပြောကြား

နိုင်ငံတော် သမ္မတက ရိုဟင်ဂျာ ကိစ္စကို တရားဝင် ထုတ်ဖော်ပြောကြား


တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင် လာသည့် ရိုဟင်ဂျာ များကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်းနှင့် နောက်ဆုံးဖြေရှင်းမည့် နည်းလမ်းမှာ ခိုးဝင်လာသည့်ရိုဟင်ဂျာ များကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ်မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများစသည်ဖြင့် ရှုပ်ထွေးလျှက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုပါ ခြိမ်းခြောက်လာကြောင်း ထိုကိစ္စကို ကိုင်တွယ်ရန် အလေးအနက် စဉ်းစားလျက်ရှိကြောင်း ပြောကြားသွားခဲ့သည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
7days news journal
Share this article :

2 comments:

အလွမ်းမြို့ said...

အယ်။။။။ အဲလိုဖြစ်သင့်တာကြာပေါ့.
ဘာဘဲပြောပြော ခုလိုကြားရတာကိုး
ဝမ်းသာစရာပေါ့. ဟုတ်သော်ရှိ မဟုတ်သော်ရှိ



ခင်မင်တဲ့
အလွမ်း

3rdthameetaw said...

သမ္မတကြီး ကိုကျေးဇူးတင်တယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map