<div style='background-color: none transparent;'></div>

Home » » စက်တင်ဘာမှာ စင်ကာပူကိုလာဦးမယ့် Big Bang

စက်တင်ဘာမှာ စင်ကာပူကိုလာဦးမယ့် Big Bang


ကိုရီးယား ဟစ်ပ်ဟော့ပ် ဂီတအဖွဲ့ Big Bang က သူတို့ရဲ့ ကမ္ဘာလှည့် ဂီတခရီးစဉ် Alive Tour 2012 ရဲ့ အစိတ်အပိုင်းရပ်များမှ တစ်ခုခု အဖြစ် စင် ကာပူနိုင်ငံမှာ လည်းဖျော်ဖြေတင်ဆက်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက အတည် ပြုကြေညာပါတယ်။ Big Bang ဟာ ဒီကမ္ဘာလှည့်ဂီတခရီးစဉ်ကို ပြုလုပ်နေတာ အခုဆို ခရီးတစ်ဝက်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ခရီးစဉ်ဒုတိပိုင်းရဲ့ ရပ်နားမှု တစ်ခုအဖြစ် စင်ကာပူမှာ လာမယ့်စက်တင်ဘာကျရင် Big Bang က ဂီတပွဲပြု လုပ်မှာဖြစ်ပါတယ်။ ဒါဟာ တစ်နှစ်တာအကြာ စင်ကာပူနဲ့အဆက်ပြတ်နေခဲ့ပြီး နောက်Big Bang အဖွဲ့ဒီအရှေ့တောင်အာရှနိုင်ငံဆီ တစ်ဖန်ပြန်ရောက်ခြင်းဖြစ် ပါတယ်။

ဂီတဖျော်ဖြေပွဲကို စက်တင်ဘာ ၂၈ ရက်မှာ စင်ကာပူကှ Singapore Indoor Stadium မှာပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ Big Bang ဟာ၂၀၁၂ခုနှစ်မှာ ဒီကမ္ဘာလှည့်ဂီတခရီးစဉ်Alive Tour 2012 အပြင် ကိုရီးယားခရီးစဉ်ငြှါ့သတ ၂၀၁၂ နဲ့ဂျပန်ဂီတခရီးစဉ်Alive Tour (Japan)2012 တို့ကိုလည်းပြုလုပ်ပါတယ်။
၂၀၁၂ မှာ ဂျပန်အယ်လ်ဘမ်သစ် အဖြစ်Alive အမည်ရအယ်လ်ဘမ်ကို ၂၈ မတ် ၂၀၁၂ကဖြန့်ချိခဲ့ပါတယ်။ အခု ကမ္ဘာလှည့်ဂီတခရီးစဉ်ကို သူတို့ဆက်လက်ပြုလုပ်နေပါတယ်။ ၂၀ဝ၆ ခုနှစ် မှာစတင်ပွဲဦးထွက်ခဲ့တဲ့Big Bang ဟာ ခုအခါ ကမ္ဘာမှာအအောင်မြင်ဆုံး အာရှ ဂီတအဖွဲ့တွေ၊ ဂီတအနုပညာရှင်တွေအနက် တစ်ယောက်အဖြစ်ရပ်တည်နေပါ တယ်။ Big Bang ရဲ့ တရားဝင်ကိုယ်ပိုင်ဝက်ဘ်ဆိုက်က Ygbigbang ဖစ်ပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map