<div style='background-color: none transparent;'></div>

Home » » ထိုင်းနိုင်ငံမှာအမွှာညီအမ နှစ်ယောက်ကို တစ်ပြိုင်ထဲ လက်ထပ်ခဲ့တဲ့ထိုင်းအမျိုးသား

ထိုင်းနိုင်ငံမှာအမွှာညီအမ နှစ်ယောက်ကို တစ်ပြိုင်ထဲ လက်ထပ်ခဲ့တဲ့ထိုင်းအမျိုးသား

 
ထိုင်းနိုင်ငံ Samut Songkram ပြည်နယ်မှာနေထိုင်တဲ့ Mr. Wichai Tao လို့ ခေါ်တဲ့ အသက် ၂၄နှစ်ရှိ လူငယ်ကလေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့မှာ Ms. Sirintara နှင့် Ms. Thipawan လို့ခေါ်တဲ့ အသက်၂၂ ရှိ အမွှာညီအမ နှစ်ယောက်ကို တစ်ပြိုင်ထဲ လက်ထပ်ခဲ့ပါတယ်။

ထိုလူငယ်လေးကတော့ သူဟာ ထို အမွှာညီအမနှစ်ယောက်စလုံးကို တူညီတဲ့ အချစ်နဲ့ ချစ်ခဲ့တာပါလို့ ဆိုပါတယ်။ ဒါ့အပြင် ထို အမွှာနှစ်ယောက်နဲ့ပတ်သတ်တဲ့ အိမ်ထောင်မှု့တာဝန်တွေ ထမ်းဆောင်ရာမှာလဲ ဘာအခက်အခဲမှ မရှိဘူးလို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုပါသေးတယ်။
ဝီချိုင်းလို့ခေါ်တဲ့ အဆိုပါလူငယ်ဟာ ထိုညီအမ နှစ်ယောက်ကို ရွှေ ၈ကျပ်သား၊ ဘတ် ၈သောင်းနဲ့ တင်တောင်းခဲ့တာဖြစ်ပြီး မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့အတူ မင်္ဂလာပွဲကို ပျော်ရွင်စွာ ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။ ၀ီချိုင်းက သူ့နယ်တွင်းရှိ ထိုင်း သတင်းစာတစ်စောင်ကို ပြောခဲ့ရာမှာတော့ သူဟာ ဟိုး ငယ်ငယ်ကလေးဘ၀ထဲက အဆိုပါ ညီအမနဲ့ အိမ်နီးချင်းဖြစ်ခဲ့ပြီး ခင်မင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့သူဟာထိုညီအမထဲမှ ဘယ်တစ်ယောက်ကိုရွေးချယ်ရမယ်မှန်း
မဆုံးဖြတ်နိုင်တော့ဘဲနှစ်ယောက်စလုံးကိုချစ်ခွင့်ပန်ခဲ့တယ်လို့ဆိုပါတယ်။ ညီအမနှစ်ယောက်စလုံးကလဲ အဲ့ဒီအချိန်မှာ သူတို့ရဲ့ အချစ်ပန်းကို ထို ကိုဝီချိုင်းကို ပေးပို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

မင်္ဂလာပွဲပြီးတော့ပျော်ရွှင်နေတဲ့ဝီချိုင်းရဲ့မိခင်ဟာသူ့သားအတွက်မင်္ဂလာခန်း၂ ခန်းပြင်ပေးမယ်လို့ဆိုပါတယ်။ဝီချိုင်းကတော့သူ့ခွဲတမ်းချပုံကိုအောက်ပါအတိုင်း သတင်းစာကိုပြောခဲ့ပါတယ်။

တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိကို Ms.Thipawan ရဲ့အခန်းမှာ သူအိပ်မှာဖြစ်ပြီးကြာသာပတေးနေ့ကနေ စနေနေ့အထိကိုတော့ Ms.Sirintaraရဲ့ အခန်းမှာနေမှာဖြစ်ပါတယ်တဲ့။ တနင်္ဂနွေနေ့မှာတော့ ဖဲမွေ့ယာပေါ်မှာမောင်မယ်၃ယောက် တူတူအိပ်ကြမယ်လို့ ပြောနေပါတယ်။

သြော်….အရင်တုန်းကတော့နှစ်ကိုယ်တူတဲအိုပျက်မှာနေရနေရဆိုတဲ့သီချင်းကိုပြောင်းပြီး ဆိုရမလိုလိုဖြစ်နေပါပြီ။


မူရင်း link ကတော့ : http://mabination.com/threads/531-Thai-Man-Gets-Away-With-Marrying-... ဒီမှာပါ။
 http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1383815&xgs=1&xg_source=msg_share_post
Share this article :

2 comments:

3rdthameetaw said...

ကိုသက် အားကျလို့ လား

AH said...

အလည်ရောက်ကြောင်းပါဗျာ... :P

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map