ပထမစီးရီး “မီးအိမ်ရှင်” နဲ့ ပေါက်စာရင်း အဆိုတော်ထဲမှာ ဝင်လာခဲ့တဲ့ ဆိုတေး တစ်ယောက် သူ့ရဲ့ ဒုတိယစီးရီး “မင်္ဂလာပါဆိုတေး” ကို ၂၀၁၃ မှာ ဖြန့်ချိဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။
“လတ်တလော ကတော့ ရှိုးပွဲတွေပဲ ဆိုဖြစ်တယ်။ နိုင်ငံခြားရှိုး အနေနဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ စင်္ကာပူနိုင်ငံကို သီချင်းဆိုဖို့ ရှိတယ်၊ ပြီးရင် ၉ လပိုင်းမှာ အမေရိကားကို ခရီးစဉ်တစ်ခု သွားဖို့လည်း ရှိတယ်။ အခုလတ်တလော ဂီတ အစည်းအရုံးမှာ ကျွန်တော့်ရဲ့ မီးအိမ်ရှင် စီးရီးထဲမှာပါတဲ့ “သူငယ်ချင်းအချစ်” သီချင်း Chorus ပိုဒ်ရေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ယောက်နဲ့ ရှင်းလင်းနေရတယ်။
အဲဒီ တစ်ယောက်က Chorus ပိုဒ်ရေးတဲ့သူ အဖြစ် ကြေညာပေးဖို့ တောင်းဆိုထားတယ်။ အခု လတ်တလောက Online ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိပါဘူး။ ဘာမှလဲ မကြားရပါဘူး။ သုံးလည်း မသုံးဖြစ်ဘူး” လို့ ပြောကြားသွားပါတယ်။8 days news


0 comments:
Post a Comment