<div style='background-color: none transparent;'></div>

Home » » ကလေးမြို့နယ်ကသက်အန္တရာယ် စိုးရိမ်ဖွယ်ခြိမ်းခြောက်ခံနေရ သောမိန်းကလေးရဲ့ပေးစာ

ကလေးမြို့နယ်ကသက်အန္တရာယ် စိုးရိမ်ဖွယ်ခြိမ်းခြောက်ခံနေရ သောမိန်းကလေးရဲ့ပေးစာ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သဇင်(၂)ရပ်ကွက်နေ အောက်ချင်းငှက်မလေးသည် လူသတ်မှုတစ်ခုတွင် မျက်မြင်သက်သေအဖြစ် ပါဝင်ခဲ့မှုကြောင့် လူသတ်မှု ကျူးလွန်ခဲ့သူ လွတ်မြောက်နေဆဲ တရားခံတစ်ဦး၏ အသက်အန္တရာယ် ခြိမ်းခြောက်နေမှုများဖြင့် ရင်ဆိုင်နေရကာ ရှောင်ပုန်းနေရကြောင်း အဆိုပါ အောက်ချင်းငှက်မလေးထံမှ သတင်းပေးပို့ချက်အရ သတင်းရရှိပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်း အောက်ချင်းငှက်မလေးသည် မြို့နယ်ခရိုင်ကူညီပါရစေများသို့ အကူအညီတောင်းခဲ့သော်လည်း သူ့အတွက် ကာကွယ်ပေးမှု ကောင်းကောင်းမရခဲ့ကြောင်း၊ လူသတ်မှုကျူးလွန်သူမှာ လူသတ်ရုံတင်မကဘဲ သူမကိုလည်း လိမ်လည်လှည့်ဖြားကာ အဓမ္မပေါင်းသင်းခဲ့ကြောင်း၊ သူမကိုယ်တိုင် ရင်ဖွင့်ခဲ့ပြီး သူမမျက်မြင်သက်သေဖြစ်ခဲ့ သော လူသတ်မှုမှာ လွန်ခဲ့သော သုံးလခန့်က မုံရွာဂန့်ဂေါလမ်းဘေး အင်ကြင်းတောင်ဘေးမဲ့တောလမ်းအ၀င် နှင့် တစ်မိုင်ကျော်တွင် ဖြစ်ခဲ့သော အမျိုးသမီး တစ်ဦးအား အသတ်ခံရမှုဖြစ်ကြောင်း သိရသည်။ သို့ပါ၍ ကာယ ကံရှင်အမျိုးသမီး ကိုယ်တိုင်က နိုင်ငံတော်သမ္မတကြီးအား သူမအသက် လုံခြုံရေးအတွက် ဆောင်ရွက်ကူညီ ပေးနိုင်ပါရန်နှင့် လူသတ်တရားခံကိုလည်း အမြန်ဆုံးဖမ်းဆီးအရေးယူ ပေးပါရန် မီဒီယာမှတစ်ဆင့် ရင်ဖွင့်လိုက် ခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
  N/A
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map