<div style='background-color: none transparent;'></div>

Home » » ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်၌ အင်တာနက် အသုံးပြုနိုင်တော့မည်(ယနေ့မြန်မာ့အလင်း သတင်းစာပါ)

ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်၌ အင်တာနက် အသုံးပြုနိုင်တော့မည်(ယနေ့မြန်မာ့အလင်း သတင်းစာပါ)


ရွှေတိဂုံစေတီတော်သို့ လာရောက်ကြည်ညိုကြသည့် နိုင်ငံခြားသားများ အသုံးပြုရန် ဝိုင်ယာလက်/ ဝိုင်ဖိုင်ကို တပ်ဆင်ရန် စီစဉ်ထားပြီးဖြစ်၍ သြဂုတ်လ ဒုတိယပတ်အတွင်း စတင်အသုံးပြုခွင့် ရရှိတော့မည်ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံး တာဝန်ရှိသူထံမှ သိရှိရသည်။ ယင်းစက်ကို ခရစ်စတယ်လ်ရှိုင်းကုမ္ပဏီက ရွှေတိဂုံစေတီတော် ဂေါပကရုံးသို့ လှူဒါန်းထားခြင်းဖြစ်ပြီး နိုင်ငံခြားသားများသည် တစ်ဦးလျှင် အများဆုံး မိနစ် ၃၀ အခမဲ့ အသုံးပြုခွင့်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ ဝိုင်ဖိုင်ကို စေတီတော်ရင်ပြင်တွင် သင့်တော်ရာနေရာ၌ တပ်ဆင်ထားမည်ဖြစ်ကာ စေတီတော်ပေါ်၌ မည်သည့်နေရာမှမဆို အသုံးပြုနိုင်ရန်လည်း စီစဉ်ပေးထားမည် ဖြစ်ကြောင်း သိရှိရသည်။
ဝိုင်ဖိုင်ကို Password ပေးထားမည်ဖြစ်၍ အသုံးပြုလိုသူ အချိန်မရွေး အသုံးပြုနိုင်ရန်အတွက် အသုံးပြုခွင့်ကတ် ထုတ်ပေးမည်ဖြစ်သည်။ စေတီတော် စတင်ဖွင့်ချိန်မှ ပိတ်ချိန်အထိ အချိန်မရွေး အသုံးပြုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကာ လောလောဆယ် စမ်းသပ်ကာလအဖြစ် စက်တစ်ခုသာ တပ်ဆင်ထားသော်လည်း နောင်တွင် စေတီတော်မုခ်အားလုံး၌ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး တာဝန်ရှိသူထံမှ သိရှိရသည်။ ဂေါပကအဖွဲ့ရုံး အနေဖြင့်လည်း အင်တာနက် အသုံးပြုနိုင်ကြောင်းကို နိုင်ငံခြားသားများ သိရှိစေရန် နီးစပ်ရာ ဝက်ဘ်ဆိုက်များတွင် တင်ထားပေးမည်ဖြစ်ပြီး ရင်ပြင်ပေါ်တွင်လည်း အင်တာနက် အသုံးပြုနိုင်ကြောင်း ဆိုင်းဘုတ်များလည်း ထောင်ကာ ကြေညာထားမည် ဖြစ်သည်။ ရွှေတိဂုံစေတီတော်သို့ ဇူလိုင် ၁ ရက်မှစ၍ ၂၄ ရက်အထိ ဧည့်ဝင်ဦးရေ ၁၄၃၈၃ ဦးရှိပြီး ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့မှ အများဆုံးလာရာက် ကြည်ညိုကြကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Share this article :

1 comments:

မြတ်နိုးသူ said...

မြန်မာပြည်မှာလဲအခုလိုတိုးတက်လာပီဆိုတော့ကောင်းတာပေါ့နော်
အားပေးသွားပါတယ်နော်စာတွေလည်းဖတ်သွားပါတယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map