<div style='background-color: none transparent;'></div>

Home » »  ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့၍ ကလေးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီး ယာဉ်ခြောက်စီးပျက်စီး

 ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့၍ ကလေးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီး ယာဉ်ခြောက်စီးပျက်စီး

 
အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့သော ယာဉ်ကို တွေ့ရစဉ်
ခရီးသည်တင်ယာဉ်တစ်စီး  အရှိန်လွန်ကာ လူနေရပ်ကွက် အတွင်း ၀င်ရောက်သွားခဲ့သဖြင့် ကလေးတစ်ဦး သေဆုံးပြီးနှစ်ဦးဒဏ် ရာရရှိကာ ယာဉ်ခြောက်စီး ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရပါသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ကို---- မောင်းနှင်လာသော ၆ခ/-----(၅၁)လိုင်းမ.ထ.သ ခရီးသည် တင်ယာဉ်သည် လှည်းဂိတ်မှတ်တိုင် အနီး (၁၄)လမ်းထိပ်အရောက်တွင် အရှိန်လွန်ကာ (၁၄) လမ်းအတွင်း သို့ရောက်ရှိသွားပြီးယင်းရှေ့မှ လမ်း လျှောက်သွားနေသော ဗိုလ်လောင်း တစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့အား တိုက်မိပြီး ယာဘက်လမ်းဘေးတွင် ရပ်ထားသော ၈က/---- အဖြူ ရောင်အငှားယာဉ်နှင့် ယင်းယာဉ် ရှေ့အနီးတွင်ရှိနေသူ မောင်---- အားတိုက်မိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တစ်ဖက်လမ်းတွင် ရပ် ထားသော ၇ခ/--- ဒဂုံဂျစ်အစိမ်း ရောင်၊ ၇ခ/--- အငှားယာဉ်နှင့် ၇က/--- အငှားယာဉ်၊ မစီး ဂျပန် စက်ဘီးတစ်စီး၊ ၆က/---အငှားယာဉ်တို့ကိုတိုက်မိသဖြင့်ယာဉ် ခြောက်စီးနှင့် စက်ဘီးပျက်စီးကာ မောင်---တွင် ဒဏ်ရာများရရှိကာ အခင်း ဖြစ်ပွားရာနေရာ၌ သေဆုံး ခဲ့သည်။
ဗိုလ်လောင်းတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ဒဏ်ရာများရရှိကာ တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံ ကြီးတွင် အတွင်းလူနာများအဖြစ် ကုသရပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးသွားကြောင်း သိရှိရပါ သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာဒုံ ရဲစခန်း (ပ)၄၇၁/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၄(က)/၃၃၈/၂၇၉/ ၂၀၂တို့ဖြင့် အမှုဖွင့်ထားပြီး အမှု စစ်မှ ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
eleven media 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map