<div style='background-color: none transparent;'></div>

Home » » ဆံပင်ကို ကတ်ကြေးနဲ့ အညှပ်ခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်ရဲ့ အဖြစ်

ဆံပင်ကို ကတ်ကြေးနဲ့ အညှပ်ခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်ရဲ့ အဖြစ်


သင်ဇာဝင့်ကျော်က ရဲတိုက်နဲ့ ‘ချစ်သူရဲ့အရိပ်’ဇာတ်ကားမှာ အထက်တန်းလွှာ အသိုင်းအဝိုင်းက ပြည့်တန်ဆာတစ်ယောက်အဖြစ် သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကား မှာ ဇာတ်ဝင်ခန်းအရ ဆံပင်အစစ်ကို ရဲတိုက်ကကတ်ကြေးနဲ့ညှပ်တဲ့ ဇာတ်ဝင်ခန်းလည်း ပါဝင်ပြီးဇာတ်ကားပြီးတာနဲ့ ခေါင်းတုံးတုံးပြီး သီလရှင်ဝတ်မယ်လို့ပြောလာတဲ့ သင်ဇာဝင့်ကျော်က”ဒီကားက ဇာတ်လမ်းလည်းကောင်းတယ်။ နောက်ပြီး ဆာတိုရီထုတ်လုပ်ရေးနဲ့က မဆုံတာလည်းကြာပြီ။
ချိန်းပြီးပျက်တာက ၄ခါလောက် ရှိနေပြီ ဆိုတော့ ဒီတစ်ခါရိုက်ဖြစ်တာ။ သူတို့ကလည်း သင်ဇာ မယ်သီလရှင်မဝတ်ခင် ခေါင်းတုံးနဲ့ ရိုက်ချင်တယ်ဆိုတော့ ပိုပြီးဆန်းတယ်ထင်တယ်။ တကယ့်ဆံပင်အစစ်ကို ကတ်ကြေးနဲ့ အညှပ်ခံရမယ်။ ခေါင်းတုံးလည်း တုံးရမယ်ဆိုတော့ တော်ရုံလုပ်ဖို့မလွယ်ဘူးလေ။ တိုက်ဆိုင်သွားမှလုပ်လို့ရတာ ဒီကားထဲမှာ သင်ဇာက မကောင်းတဲ့ မိန်းကလေးဆိုပေမယ့် အထက်တန်းလွှာ ပြည့်တန်ဆာမျိုးပေါ့။ ဒီကားက သေသေချာချာအချိန်ယူပြီး ရိုက်ကူးထားတယ်”လို့ ပြောပါတယ်။ ဇာတ်ကားတွေ ကို စေ တနာကောင်းကောင်းနဲ့ ကြိုးစားတဲ့သင်ဇာဝင့်ကျော်က”ကိုယ်က အလုပ်ကို တန်ဖိုးထားမှ အလုပ်ကလည်း ကိုယ့်ကိုတန်ဖိုးထားမှာ၊ စုတ်ပြတ်သက်နေတဲ့ကားမျိုး သင်ဇာ ဘဝမှာတစ်ခါမှမရှိဘူး။ သင်ဇာ့ဇာတ်ကားတွေ အဆက်မပြတ်ရိုက်နေတာပါပဲ။ သင်ဇာ့ကားတွေ ပုံမှန်မထွက်တဲ့အပေါ်ကို ရှင်းပြတာပါ”လို့ ဇာတ်ကား တွေနဲ့ပတ်သက် ပြီး ပြောပြခဲ့ပါတယ်။
မေမွန်မောင်

popular news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map