မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားနှစ်ဦးကို အဆိုပါကျောက်ဆည်မြို့တောင်ဘက် နှစ်မိုင်ခန့်အကွာ အင်းကုန်းရပ်နားတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၇ နာရီမိနစ် ၃၀ ၌ လိုက်ထရပ်အဖြူရောင် ကားတစ်စီးက တိုက်ပြီးမောင်းပြေးသွားကြောင်း အဆိုပါဖြစ်ရပ်ကို မျက်မြင်တွေ့ကြုံရသူများက ပြောကြားသည်။
အဆိုပါကားသည် ကျောင်းသားနှစ်ဦးစီးလာသော ဆိုင်ကယ် ၁၂၅ အဖြူရောင်ကို ချိတ်ဆွဲ တိုက်မိသွားပြီးနောက်မှ စီးလာသူမှာ ပြုတ်ကျကျန်ခဲ့ကာ မောင်းနှင်သူမှာ ၁၀ ပေခန့်အကွာတွင် လဲကျကျန်ခဲ့ ကြောင်း၊ ဆိုင်ကယ်ပျက်စီးမှု နည်းပါးသော်လည်း အတိုက်ခံရသူ ကျောင်းသားနှစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ၊ လက် မောင်းများပွန်းပဲ့ဒဏ်ရာနှင့် ခြေထောက်တွင် ပြတ်ရှဒဏ်ရာများရခဲ့ကာ သွေးထွက်များခဲ့ကြောင်း မှုခင်းဖြစ်ရာ လမ်းနှင့် ကပ်လျက်တွင် မြေပဲခင်းလုပ်ကိုင်နေသည့် အသက် ၆၀ အရွယ် တောင်သူဒေါ်ပိုက The Voice Weekly သို့ပြောကြားသည်။

“ကားက တိုက်ပြီးပြီးချင်းမောင်းပြေးတာ၊ လှည့်တောင်မကြည့်ဘူး။ ငါလည်းကားနံပါတ်လှမ်း လိုက်မှတ်တာပဲ။ ကားကမောင်းပြေးတာမြန်လွန်းတော့ မသိလိုက်ဘူး”ဟု ၎င်းကဆိုသည်။
ကားတိုက်ခံရသော ကျောင်းသားများကို လမ်းသွားလမ်းလာများက ချက်ချင်းကူညီပေးကြတာ ကျောက်ဆည်ရဲစခန်းသို့ ဖုန်းဆက်အကူအညီတောင်းခံရာ ၁၀ မိနစ်အတွင်းရောက်လာပြီး သူနာပြုဆရာမများ စီးနင်းလာသော ကားကြုံဖြင့်ဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
“အတိုက်ခံရတဲ့ကလေးတွေကို ဘာမှမပေးဘူး။ တစ်ခါတည်းဆေးရုံပို့ဆိုပြီး ပြောတယ်။ ပြီးမှသူတို့ဘာသာ သူတို့အခွင်းဖြစ်နေရာကို စစ်ဆေးနေကြတယ်။ ဒါမျိုးဖြစ်ရမှာပေါ့”ဟု ကျောက်ဆည်မန္တလေး သို့ လိုင်းကားပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
မောင်း၍ တိုက်ပြေးသွားသော အဖြူရောင်လိုက်ထရပ်ယာဉ်ပေါ်တွင် ခရီးသည်ခုနစ်ဦး၊ ရှစ်ဦး ခန့်ပါကြောင်း ကားလမ်းဘေးတွင် စိုက်ခင်းလုပ်ကိုင်နေသည့် တောင်သူများက တညီတညွတ်တည်းပြောကြား သည်။
The Voice Weekly Journal

0 comments:
Post a Comment