မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မြို့မရဲစခန်း အရှေ့တောင်ဘက်၅မိုင်ခန့်အကွာ ဇီးတောကျေးရွာအုပ်စုတွင် တရား ၀င်ဆေးကုသမှုလိုင်စင်မရှိဘဲအခ ကြေးငွေယူ၍ ဆေးကုသနေသူ တစ်ဦးအားသက်ဆိုင်ရာမှ ဖမ်းဆီး ရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၇.၇.၂၀၁၂ ရက်စွဲပါစာဖြင့် တောင်တွင်းကြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှု ဒေါက်တာဒေါ်စန္ဒာသိန်းမှ ဇီးတော ကျေးရွာအုပ်စုတွင် မြန်မာနိုင်ငံ ဆေးကောင်စီမှ ထုပ်ပေးထားသော ဆေးကုသမှုလိုင်စင်မရှိဘဲ မင်းဦး ၄၇ နှစ် (ဘ) ဦးမောင်ချွန် ၉/လ၀န (နိုင်) ၁၅၅၀၁၅ ဒေါက်တာ အမည်ခံအမှတ် ၅ ရပ်ကွက်လယ် ဝေးမြို့နယ်နေသူမှမသိနားမလည်
သည့်ကျေးရွာသူ၊ ရွာသားများအား မျက်စိ၊ အရိုး၊ အကြော၊ လေးဘက် နာရောဂါဝေဒနာများကို အခကြေး ငွေယူပြီး ၂၇.၆.၂၀၁၁ ရက်နေ့ မှ ၂.၇.၂၀၁၂ ရက်နေ့အထိ ကုသနေကြောင်း ငမင်ကျေးရွာ ကျန်းမာရေးဌာနကျန်းမာရေးမှူး ဒေါ်မြင့်မြင့်ဌေးနှင့် ဇီးတောကျေး ရွာအုပ်စုကျန်းမာရေးဌာနသားဖွား ဆရာမမိုင်သန်းသန်းဌေးတို့မှ သတင်းပေးပို့ချက်အရသိရှိရသဖြင့် ဆေးကုသဖွင့်လိုင်စင်မရှိဘဲ အခ ကြေးငွေယူပြီ ဆေးကုသနေသူ မင်းဦးအားဥပဒေနှင့် အညီအရေး ယူပေးပါရန် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူဒေါက်တာဒေါ်စန္ဒာ သိန်းမှ တရားလိုပြုလုပ်တိုင်တန်း သဖြင့် တောင်တွင်းကြီးမြို့မရဲစခန်း မှ (ပ) ၁၆၅/ ၂၀၁၂ မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေပုဒ်မ ၄၁ အရ မင်းဦး ၄၇ နှစ် (ဘ) ဦးမောင်ချွန် အမှတ် ၅ ရပ်ကွက်လယ်ဝေးမြို့ နယ်နေသူအားအမှုဖွင့်အရေးယူ ထားပြီး အမှုစစ်ဒုရဲအုပ်ဝင်းဌေး မှ ဆက်လက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၇.၇.၂၀၁၂ ရက်စွဲပါစာဖြင့် တောင်တွင်းကြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှု ဒေါက်တာဒေါ်စန္ဒာသိန်းမှ ဇီးတော ကျေးရွာအုပ်စုတွင် မြန်မာနိုင်ငံ ဆေးကောင်စီမှ ထုပ်ပေးထားသော ဆေးကုသမှုလိုင်စင်မရှိဘဲ မင်းဦး ၄၇ နှစ် (ဘ) ဦးမောင်ချွန် ၉/လ၀န (နိုင်) ၁၅၅၀၁၅ ဒေါက်တာ အမည်ခံအမှတ် ၅ ရပ်ကွက်လယ် ဝေးမြို့နယ်နေသူမှမသိနားမလည်

0 comments:
Post a Comment