(ဓာတ်ပုံ - အေသင်ချိုဆွေ Facebook တခု)
"စိတ်တွေ အရမ်း ရှုပ်ထွေး မွန်းကျပ်လာတဲ့အခါမျိုးမှာ ကိုယ့်ခံစားချက်တွေကို Facebook မှာ ရေးလေ့ရှိတယ်" လို့ အဆိုတော်လေး အေသင်ချိုဆွေက ဆိုပါတယ်။
ဇူလိုင် ၉ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်မှာ အဲဒီအကြောင်း ရေးထားပါတယ်။
"သူငယ်ချင်းတွေနဲ့ Facebook မှာ စိတ်ပြေလက်ပျောက် စကားပြောလေ့ရှိတယ်။ အဲဒါဆိုရင် စိတ်ထဲ ပေါ့သွားတယ်လို့ ခံစားရတယ်" လို့လည်း သူက ဆိုပါတယ်။
Facebook မှာ အေသင်ချိုဆွေ ဆိုပြီး ရှာလိုက်တော့ အများကြီး ထွက်လာပါတယ်။ သူတယောက်တည်းက လေးငါးခုဖွင့်ထားတော့ ဟုတ်မယ် မထင်ပါဘူး။

Athen Cho Swe
Aye Thin Cho Swe
ဒီစာလုံးပေါင်း ၂ မျိုးနဲ့သာ ရှာပါ။
အေသင်ချိုဆွေ Facebook ကို ရောက်ပါပြီ။
ဘယ်ဟာက အစစ်အမှန်လဲ ဆိုတာ မသိရပါ။
အေသင်ချိုဆွေဟာ ပေါက်တဲ့အိုး၊ အနီးဆုံးလူ နမ်းမှာလား စီးရီးတွေနဲ့ ထင်ရှားလာတဲ့ အဆိုတော်ပေါက်စ ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်လည်း လုပ်တဲ့ အဆိုတော်ပါ။ဘရစ်တနီစပီးယားကို အရမ်း ရူးသွပ်တဲ့၊ ဘီယွန်းဆေးရဲ့ အကရော အသံရော ကြိုက်လွန်းလို့ တုပခဲ့တယ် ဆိုတဲ့ အေသင်က အဆိုတော်တွေ အများကြီးရှိတဲ့ ဒီခေတ်မှာ နာမည် တော်တော်ကြီးနေပါပြီ။
လက်ရှိ ပြင်ဆင်နေတဲ့ စီးရီးသစ်ထဲက သီချင်းတွေကတော့ Hip Hop, R&B, Pop စသဖြင့် ပုံစံမျိုးစုံပါပဲ တဲ့။ သူကိုယ်တိုင်ရေး "အသည်းကွဲသီချင်း" ၂ ပုဒ်ကိုလည်း စီးရီးသစ်မှာ ထည့်သွင်းထားတယ်လို့ ဆိုတယ်။
http://blog.irrawaddy.org/2012/07/facebook_15.html


1 comments:
ရှာမနေတော့ပါဘူးဗျာ...
အများကြီးကို...
သီချင်းအသစ်ထွက်မှ နားထောင်တော့မယ်...:-)
Post a Comment