<div style='background-color: none transparent;'></div>

Home » » လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာတွင် အသင်းတော်မှ ကျွေးမွေးသည့် ထမင်းနှင့် ဟင်းစားအပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သဖြင့် လူ ၈၆ဦး ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရ

လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာတွင် အသင်းတော်မှ ကျွေးမွေးသည့် ထမင်းနှင့် ဟင်းစားအပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သဖြင့် လူ ၈၆ဦး ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရ


ပေးဝေလှူဒါန်းသည့် ထမင်းထုပ်များ စားသောက်ပြီး  မူးဝေအော့အန်ခြင်းများ ဖြစ်ပွားခဲ့သဖြင့် လူ ၉၀ ခန့် လှိုင်သာယာမြို့နယ်ရှိ  ဆေးရုံသို့ အရေးပေါ်တင်ပို့ ကုသခဲ့ရမှု ဇူလိုင် ၁၄ ရက်က ဖြစ်ပွားခဲ့သည်။

လှိုင်သာယာမြို့နယ်  ပန်းလှိုင်ဂေါက်ကွင်းအနီး ဒိုင်စုကျေးရွာမှ အဆိုပါ လူ ၉၀ ခန့်သည် ဇူလိုင်  ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် ထမင်းထုပ်များ စားသောက်အပြီး  နာရီပိုင်းအတွင်း မူးဝေအော့အန်ခြင်း၊ လည်ချောင်းများ၌ ပူလောင်မှုကို  ခံစားရခြင်း၊ လူများနုံးချည့်ခြင်း စသည့်ဝေဒနာများ ခံစားခဲ့ရကြောင်း  ကာယကံရှင်များက ပြောသည်။

ဝေဒနာခံစားခဲ့ရသူများသည်  လှိုင်သာယာမြို့နယ်ဆေးရုံသို့ နေ့လယ် ၃ နာရီခန့်မှ စတင်၍ တဖွဲဖွဲရောက်လာပြီး  ၎င်းတို့အား ဆေးကုသမှုပေးပြီးနောက် အချို့မှာ နာရီပိုင်းအတွင်း  ရောဂါသက်သာလာပြီး ဆေးရုံမှ ဆင်းနိုင်ခဲ့ကြောင်း၊ ဝေဒနာရှင်များအား  စောင့်ကြည့်ကုသမှုများ ပြုလုပ်အပြီး ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းတွင်  ၎င်းတို့အားလုံး ရောဂါသက်သာကာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း  လှိုင်သာယာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးက သတင်းထောက်များသို့ ပြောသည်။

“မူးတယ်။  အန်တယ်။ ထန်းလျှက်နဲ့ ကန်စွန်းရွက် ၀ါးစားကြည့်တယ်။ မရဘူး။ ကလေးတွေက  ပိုခံရတယ်”ဟု ကြက်ဥနှင့် ဂေါ်ဖီကြော်များ ပါဝင်သည့် အဆိုပါ ထမင်းထုပ်များ  စားသုံးခဲ့ပြီးနောက် ဝေဒနာခံစားခဲ့ရသည့် အသက်(၂၀)နှစ်အရွယ် မအေးမွန်က  ပြောသည်။

အိမ်ခြေ ၂,၀၀၀ နီးပါးရှိသည့် အဆိုပါကျေးရွာတွင်  ဝေဒနာခံစားခဲ့ရသူများမှာ ၈၉ ဦးအထိရှိကြောင်း  ဒိုင်စုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက ပြောသည်။  ဝေဒနာခံစားခဲ့ရသူများအနက် နှစ်ဦး၊ သုံးဦးခန့်သာ လူကြီးများဖြစ်ပြီး  ကျန်သူများမှာ ကလေးငယ်များဖြစ်ကြောင်း ၎င်းကဆိုသည်။

ရောဂါဖြစ်ပွားသည့်  အဓိကအကြောင်းအရင်းကို သိရှိနိုင်ရန် ထမင်းထုပ်များကို ဓာတ်ခွဲစစ်ဆေးမှုများ  ပြုလုပ်ရန် သက်ဆိုင်ရာသို့ ပို့ဆောင်ထားကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြောသည်။

လှိုင်သာယာမြို့နယ်  ဒိုင်စုကျေးရွာတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကတည်းက စေတနာရှင်များက  စနေနေ့ရောက်တိုင်း အလှူအတန်းပြုလုပ် ကျွေးမွေးလေ့ရှိကြောင်း ဒေသခံများက  ပြောသည်။ လေးနှစ်ကျော်အတွင်း ယခုကဲ့သို့ ဖြစ်ပွားခြင်းမှာ  ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

7Day News Journal
Share this article :

1 comments:

စံပယ်ချို said...

အင်း---ဖြစ်ရလေနော်
အလှူရှင်တွေပါ အမှုပတ်ပြီ
အစာအဆိပ်ဖြစ်တာပေါ့နော်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map