<div style='background-color: none transparent;'></div>

Home » » စူပါလေးယောက်နဲ့ မိုးဟေကိုရဲ့ ပြင်ဆင်မှု

စူပါလေးယောက်နဲ့ မိုးဟေကိုရဲ့ ပြင်ဆင်မှု


မိုးဟေကို ကနှစ်ကိုယ်ခွဲ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ထားတဲ့ 'အချစ်ချိုချို အရက်ခါးခါး' ဇာတ်ကားထွက်ရှိထားပြီး ဒီဇာတ်ကားထဲမှာ မိုးဟေကိုက ဇာတ်ရုပ်နှစ်ခုကို ပိုင် ပိုင်နိုင်နိုင် သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။
ဒါကြောင့် ဒီဇာတ်ကားနဲ့ပတ်သက်ပြီး မိုးဟေကိုက ''ဒီဇာတ်ကားရိုက်တုန်း က နှစ်ကိုယ်ခွဲရတယ်ဆိုတော့ ပီပီပြင်ပြင် ဖြစ်အောင် လုပ်ရတယ်။ ပြီးတော့ တစ်ခုနဲ့တစ်ခု နှစ်ကိုယ်ခွဲလို့ ခွဲထားမှန်းမသိအောင် ဒါရိုက်တာကပြောထား တာလေ။ တချို့ဆို နှစ်ကိုယ်ခွဲကို ထင်ထင်ရှားရှားခွဲတာ။
အခုဟာကတော့ ဒီပုံစံ အတိုင်းပဲ နှစ်ကိုယ်ခွဲထားတာ။ နှစ်ကိုယ်ခွဲက တော်တော်တော့ အလုပ် ရှုပ်တယ်။ ရိုက်လိုက်၊ သနပ်ခါးပြန်လိမ်းလိုက်၊ ဆံပင်ကောက်လိုက်၊ ဆံပင်ဖြောင့်လိုက်၊ နှစ်ယောက်အခန်းတွေ ဆိုရင် မမှားအောင်လုပ်ရတယ်။ အိုက်တင် တွေရောပေါ့။ ကိုယ်က ဝါရင့်သရုပ်ဆောင်လည်း မဟုတ်တော့ မှားမှာကို တအား ကြောက်ရတယ်။ တော်တော်လေးတော့ ပင်ပန်းပါတယ်။ ထွက်လာတော့ ပရိသတ်တွေ ကြိုက်တယ်ဆိုတော့ ပင်ပန်းရကျိုးနပ်ပါ တယ်'' လို့ပြောပါတယ်။
မိုးဟေကိုက လတ်တလောမှာ ဟိန်းဝေယံနဲ့ ဇာတ်ကားရိုက်ကူးနေပြီး ဟိန်းဝေယံ၊ အောင်ရဲလင်း၊ ဖွေးဖွေးတို့နဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားကို သြဂုတ်လမှာ ရိုက်ကူးဖို့ရှိပါတယ်။ ဒါကြောင့် စူပါလေးယောက်ရိုက်ကူးမယ့် ဒီရုပ်ရှင်ကားကြီးအတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲလို့မေးတော့ ''ဒီဇာတ်ကားကြီးက ကိုရာဇာနေဝင်း တို့ အမေကရိုက်မယ်လို့ ကမ်းလှမ်းလာတော့ ကိုယ်လည်းလုပ်နိုင်မယ် ထင် လို့ လက်ခံလိုက်တာပါ။ ဒီဇာတ်ကားရိုက်ဖို့လည်း လိုသေးတော့ ဘာမှမပြင် ဆင် ရသေးဘူး။ မိုးက ဘယ်အရာကိုမှ ကြိုတင်ပြင်ဆင်လေ့မရှိပါဘူး။ အခု လက်ရှိလုပ်နေတဲ့အပေါ်ပဲ အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ပါတယ်။ ရှေ့ လမှဆိုတော့ လိုပါသေးတယ်။ ဇာတ်ညွှန်းလည်း ရောက်မလာသေးဘူး။ မိုးက တစ်ခုပြီးတစ်ခုကိုပဲ သွားပါတယ်။ ကြိုတင်ပြင်ဆင်တာက ကောင်း သလို တအားလိုသေးတာမျိုးကိုတော့ မပြင်ဆင်သေးဘူး။ တစ်ခုချင်းစီကိုပဲ သွားတာပေါ့နော်''လို့ အဝေးကြီးကြိုတင်ပြင်ဆင်လေ့မရှိဘဲ လက်ရှိအလုပ် အပေါ်ကိုသာ အကောင်းဆုံး ဖြစ်အောင် ကြိုတင် ပြင်ဆင်လေ့ရှိကြောင်း မိုးဟေကိုက ပြောပါတယ်။
popular new journal
Share this article :

1 comments:

3rdthameetaw said...

မိုးအကြောင်းလေးဖတ်သွားတယ်ရှင်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map