<div style='background-color: none transparent;'></div>

Home » » ပုဂံမြို့ဟောင်းရှိ ဟိုတယ်တစ်လုံးတွင် တစ်ညအတွင်း အခန်းငါးခန်းအခိုးခံရ

ပုဂံမြို့ဟောင်းရှိ ဟိုတယ်တစ်လုံးတွင် တစ်ညအတွင်း အခန်းငါးခန်းအခိုးခံရ


ကမ္ဘာလှည့်ခရီးသွားများ အဓိကလည်ပတ်ရာဒေသဖြစ်သော ပုဂံမြို့ဟောင်းရှိ ပုဂံဟိုတယ်တွင် တစ်ညအတွင်းအခန်း ငါးခန်းရှိ ငွေကြေးနှင့်ပစ္စည်းအချို့ ခိုးယူခံခဲ့ရကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၁၅ ရက်နံနက် ၃ နာရ်ီခန့်တွင် ထိုင်းနိုင်ငံသားများ တည်းခိုနေသောအခန်း နှစ်ခန်းနှင့် မြန်မာနိုင်ငံသားများ တည်းခိုနေသော အခန်းသုံးခန်းမှ အခိုးခံရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသားများအခန်းမှ ထိုင်း ဘတ်ငွေ ကိုးသောင်းကျော်၊ ကင်မရာတစ်လုံး၊ ကျောက်စိမ်းလက်ကောက်တစ်ကွင်း ပါသွားခဲ့ပြီး မြန်မာနိုင်ငံ သားများအခန်းမှ ကျပ်ငွေ ၁၀ သိန်းခန့်ပါသွားခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ဟိုတယ်တစ်ခုတည်းရှိ အခန်းငါးခန်း၌ ခိုးယူခံရမှုမှာ ဟုတ်မှန်ကြောင်း ညောင်ဦးခရိုင်ပုဂံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု သည်။


“ပိုက်ဆံတွေကိုတော့ မိုးလင်းလင်းချင်း ပြန်လျော်ပေးလိုက်ပါတယ်”ဟု ပုဂံဒေသခံခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ခရီးသွားဧည့်သည်များ ၀င်ရောက်မှုမြင့်တက်လာပြီးနောက် ၂၀၁၁ ခုနှစ်တွင် ပုဂံဒေသေအနီး၌ ဂျပန်အမျိုးသမီးတစ်ဦး အသတ်ခံရခြင်း၊ Aureum Palace ဟိုတယ်တွင် ထိုင်းနိုင်ငံသူ တစ်ဦး ဓာတ်လိုက်သေဆုံးခြင်းနှင့် ဟော်လန်နိုင်ငံသူ တစ်ဦး ပိုက်ဆံအိတ်လုခံရခြင်းများ ဖြစ်ပွား ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုဂံဟိုတယ်သို့ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ် ရာ မှတ်ချက်ပြုဖြေကြားခဲ့ခြင်းမရှိပေ။

 7 DAY NEWS Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map