<div style='background-color: none transparent;'></div>

Home » » အမေရိကန် ဇိမ်ခံ သင်္ဘောလိုင်း ဧရာဝတီမြစ် အတွင်း ပြေးဆွဲရန် စီစဉ်နေ

အမေရိကန် ဇိမ်ခံ သင်္ဘောလိုင်း ဧရာဝတီမြစ် အတွင်း ပြေးဆွဲရန် စီစဉ်နေ


အမေရိကန် အခြေစိုက် ဇိမ်ခံ သင်္ဘောလိုင်း ဖြစ်သော Grand Circle Cruises Line က ၂၀၁၃ ခုနှစ် ခရီးသွားရာသီမှစ၍ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် ပြေးဆွဲရန် စီစဉ်နေပြီဖြစ်ကြောင်း USA Today သတင်းစာ ကရေးသားဖော်ပြ ထားသည်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခြင်းနှင့် မြန်မာနိုင်ငံ တွင် ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်လာခြင်း ကြောင့် မိမိတို့ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်တော့မည်ဟု အဆိုပါကုမ္ပဏီဥက္ကဋ္ဌ Mr.AlanLewis က ပြောကြားကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထား သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသို့ တာဝန်ယူမှုရှိသော ခရီးသွားများလာရောက်ခြင်းကို အားပေးကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားပိုများလာပြီး ခရီးသွားဒေသတစ်ခု ဖြစ်လာကြောင်း Mr.Alan Lewis က ပြောကြားခဲ့သည်။ အဆိုပါကုမ္ပဏီအနေဖြင့်ခရီးစဉ်များကို အမေရိကန်အခြေစိုက် Overseas Adventure Travel (OAT) က တစ်ဆင့်ရောင်း ချမည်ဖြစ်ပြီး ပုဂံ-မန္တလေး ပြေးဆွဲနေသော သင်္ဘောကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။ Grand Circle Cruises Line သင်္ဘောလိုင်းသည် ခရီး သည် ၃၄ ဦးနှင့် မန္တလေး ပုဂံ ခုနစ်ညအိပ်ခရီး၊ ရန်ကုန်သုံးညအိပ်၊ ဘန်ကောက် လေးညအိပ် ခရီးစဉ်တို့ပါ ပူးတွဲရောင်းချမည်ဖြစ် ပြီး ခရီးစဉ်အား လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၇၉၅ ဖြင့် ရောင်းချပေးမည်ဖြစ်သည်။
အမေရိကန်သမ္မတ ဘား ရက်အိုဘားမားက မြန်မာနိုင်ငံ တွင် အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဇူလိုင်လ ၁၁ ရက်တွင် တရားဝင်ခွင့်ပြုခဲ့ပြီး အ မေရိကန်-အာဆီယံ စီးပွားရေး ကောင်စီဝင် ကုမ္ပဏီ ၃၆ ခုမှ တာဝန်ရှိသူများသည် ဇူလိုင်လဆန်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည်။ထိုခရီးစဉ်တွင် GE (General Electric) ကုမ္ပဏီမှ ဆေးရုံသုံးပစ္စည်း ဒေါ်လာနှစ်သန်းဖိုး အ ရောင်းအ၀ယ်စာချုပ်အား မြန်မာ နိုင်ငံရှိ ပုဂလိကဆေးရုံနှစ်ရုံနှင့် ချုပ်ဆိုနိုင်ခဲ့သည်။ အမေရိကန်အခြေစိုက် သတင်းမီဒီယာဌာနဖြစ်သော CNN က မြန်မာနိုင်ငံအား ၂၀၁၂ ခုနှစ် လည်ပတ်ရန် အကောင်းဆုံးဒေ သအဖြစ် ရွေးချယ်ခဲ့ပြီးနောက်အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများ မြန်မာနိုင်ငံသို့ လာရောက်မှုမြင့်တက်လာခဲ့သည်။ ဧရာဝတီမြစ်အတွင်း ပုဂံ- မန္တလေး ရေကြောင်းခရီးစဉ်အား Road To Mandalay သင်္ဘောကပြေးဆွဲလျက်ရှိပြီး RV Pandawနှင့် RV ပေါက်က္ကံ သင်္ဘောများသည် ခရီးသွားရာသီတွင် ပြေးဆွဲလျက်ရှိသည်။
7days news 
Share this article :

1 comments:

စံပယ်ချို said...

သတင်းလေးတွေ လာရောက်ဖတ်ခဲ့တယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map