Home »
သတင်း
» ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ တွင်ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်တွင် မီးလောင်ကျွမ်းမှုဖြစ်ခဲ့
ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ တွင်ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်တွင် မီးလောင်ကျွမ်းမှုဖြစ်ခဲ့
ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက် မီးလောင်ကျွမ်းမှုမှာ ကုန်တိုက်၏ ပထမထပ်တွင်ရှိသော ဖိနပ်ဆိုင်အနီးမှ ၀ါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယင်းကုန်တိုက်ရှိ ၀န်ထမ်းများကို တာဝန်ရှိသူများက ဘေးကင်းရာသို့ ဖယ်ရှားခဲ့ပြီး မီးငြှိမ်းသတ်မှုကို ဆက်လက်လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ တွင် မီးစတင်လောင်ကျွမ်းရာ ၁ နာရီ ၄၀ မိနစ်တွင် မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဂမုန်းပွင့်ကုန်တိုက် မြေညီထပ်ရှိ Lilly(လီလီ) ဖိနပ်ဆိုင်မျက်နှာကျက်ပေါ်မှ LED မီးကြိုး အပူလွန်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ကား ၁၅ စီးက ငြှိမ်းသတ်ပေးခဲ့သည်။ မီးသတ်မှ တာဝန်ရှိသူက မီးငြှိမ်းသတ်နိုင်ပြီဟု ဆိုသော်လည်း မီးခိုးများ ၂ နာရီ ၁၅ မိနစ်ဝန်းကျင်အထိ ကုန်တိုက်မြေညီထပ်မှ ထွက်နေဆဲဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာတွင်ရောက်ရှိနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ကုန်တိုက်ရှိ အရောင်းဆိုင်များမှ ၀န်ထမ်းနှင့် တာဝန်ရှိသူများမှာ ကုန်တိုက်အပြင်ဘက်သို့ ရောက်ရှိနေကြပြီး မီးသတ်တပ်ဖွဲ့ဝင်များက ကုန်တိုက် အတွင်းဝင်ရောက် ငြှိမ်းသတ်လျက်ရှိသည်။
ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက် မီးလောင်ကျွမ်းမှုမှာ ယခုအခါ အပြီးသတ်မီးငြိမ်းသတ် နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပြီး ဆုံးရှုံးမှု တန်ဖိုး ကြီးကြီးမားမားမရှိကြောင်းလည်း သိရှိရသည်။
7days/eleven
0 comments:
Post a Comment