ဖြစ်စဉ်မှာသေဆုံးသူကိုကုလားကြီးအားမရမ်းကုန်းရဲစခန်းမှဇူလိုင်လ(၅)ရက်နေ့ မှစတင်၍ မပိုးပိုးသတ်ခံရမှုနှင့်ပတ်သက်ပြီးခေါ်ယူ စစ်ဆေးစဉ်(၃)ရက်အကြာ၌ မရမ်းကုန်းရဲစခန်းတွင် သတိလစ်၍ သေဆုံးခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲမှုးကြီးဦးမျိုးအောင်၏ ပြောကြားချက်အရသိရသည်။
“ကိုကုလားကြီးက ၈ရက်နေ့ မနက် ၃နာရီလောက်မှာ သတိလစ်သွားတယ်။ ခုံပေါ်မှာထိုင်ရင်းနဲ့ သတိလစ် တာပါ။ သတိလစ်ချိန်နေမှာ ဆေးရုံကို ရဲကားနဲ့ခေါ်လာပါတယ်။ ဒါပေမဲ့ သူ ရဲကားပေါ်မှာပဲ သေဆုံးခဲ့ပါတယ်။” ပာု ရဲမှုးကြီးဦးမျိုးအောင်က ပြောသည်။
မရမ်းကုန်းရဲစခန်း၌ ကိုကုလားသေဆုံးမှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှအရာရှိများ ပါဝင်သောအဖွဲ့  တစ်ဖွဲ့သီးခြားဖွဲ့ ၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။
သေဆုံးသူ ကိုကုလားကြီးအပြင် ၎င်း၏မိခင် အသက် (၆၅)နှစ်အရွယ် ဒေါ်စိန်စိန်နှင့်အစ်ကိုဝင်းခွဲ ကိုစိုးလင်းတို့ ကိုလည်း ရဲစခန်းမှ ၂ရက်ကြာခေါ်ယူဖမ်းဆီးစစ်ဆေးခဲ့ကြောင်းကိုလည်း သိရသည်။
“ကျွန်တော်ကို ၆ရက်နေ့ မှ လာဖမ်းပြီး ခေါ်စစ်တယ်။ ၀မ်းဗိုက်နဲ့ အရှိုက်ကိုအကြိမ်ကြိမ် ထိုးလားဆိုပြီး မေးတယ်။ ကျွန်တော်မသိဘူးပြောလည်းမသိရမလားဆိုပြီး ထိုးတယ်။”ပာု ကိုစိုးလင်းကပြောသည်။
သေဆုံးသူ ကိုကုလားသည် လက်ရှိအချိန်တွင် ပန်းရံအလုပ်လုပ်ကိုင်နေပြီးမပိုးပိုးသေဆုံးစဉ်အချိန်၌လည်း အစ်ကိုဝမ်းကွဲဖြစ်သူကို စိုးလင်းနှင့်အတူရှိနေကြောင်း ကိုစိုးလင်းက ဆိုသည်။
ထိုပြင် သေဆုံးသူ ကိုကုလားမှာ မသေခင်အချိန်တွင် မပိုးပိုးအား သတ်သည်ပာုဝန်ခံခဲ့ ကြောင်းကိုလည်း ရဲမှုးဦးမျိုးအောင်က အတည်ပြုပြောကြားခဲ့သည်။
“ကိုကုလားပာာ သူမသေခင် စစ်ဆေးနေချိန်မှာဘဲ လူသတ်မှုကျူးလွန်ထားကြောင်းကိုဝန်ခံသွား ပါတယ်။ ဒီအတွက် ဗီဒီယိုမှတ်တမ်းတွေ ရှိပါတယ်”ပာုအနောက်ပိုင်းခရိုင် ရဲမှုးကြီး ဦးမျိုးအောင်က ပြောသည်။
အဆိုပါ ဗီဒီယိုမှတ်တမ်းအချို့အား မရမ်းကုန်းရဲစခန်း၌ သေဆုံးသူမိသားစုဝင်များအား ခေါ်ယူပြသခဲ့ ကြောင်းကိုလည်း စုံစမ်းသိရသည်။
“ကျွန်တော်တို့ကို ကိုကုလားကို စစ်တုန်းက ၅မိနစ်လောက်ပါတဲ့ မှတ်တမ်းအခွေခေါ်ပြခဲ့တယ်။ ဒါပေမဲ အသံ မသဲကွဲဘူး။ ရုပ်ကိုဘဲ မြင်ရတယ်”ပာုကိုစိုးလင်းကပြောသည်။
ယခင်က သေဆုံးခဲ့ သော မပိုပိုး၏မိသားစုနှင့် ဦးကုလားကြီးတို့ သည်လူမှုရေးအရပတ်သတ်မှုရှိခဲ့ကြောင်း၊ မပိုးပိုး မသေခင်က ပန်းရောင်းရန် ခွင့်တောင်းရာ ခွင့်မပြု၍ ကိုကုလားကြီးက သတ်ဖြက်ခဲ့ခြင်းဖြစ်ကြောင်းအနောက်ပိုင်းတိုင်းရဲဌာနက ထုတ်ပြန်သည်။
ကိုကုလားကြီး၏ ရုပ်အလောင်းအား အင်စိန်ဆေးရုံကြီးရှိ ရင်ခွဲရုံတွင်ထားရှိ၍အထုးကုဆရာဝန်ကြီး ဦးရဲဝင်း(ဥပဒေရေး ရာဆေးပညာ)မှ စစ်ဆေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကျင့်ဝတ်အရ အခုအချိန်မှာ ဘာမှမပြောနိုင်သေးပါဘူး။တရားရုံးပေါ်ရောက်ရင်တော့ သေဆုံးသူဘက်က နစ်နာမှုမရှိစေဖို့အမှန်အတိုင်းပြောကြားပါ့ မယ်။”ပာု အထူးကုဆရာဝန်ကြီး ဦးရဲဝင်းက ပြောသည်။
အဆိုပါ ကိုကုလား၏ရုပ်အလောင်းအား သေဆုံးသူမိသားစုမှ သေဆုံးပြီး (၂)ရက်အကြာဇူလိုင်လ(၉) ရက်နေ့တွင် ပထမဦးဆုံး ၀င်ရောက်ကြည်ရှုခွင့်ရရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။
“သူသေနေတဲ့ ပုံက နာပြီးအော်နေတဲ့ ပုံ။ ပြီးတော့  မျက်နာမှာလည်းအညိုမဲဆွဲနေတယ်။ခန္ဒာကိုယ်အတွင်းပိုင်း ထိထားတဲ ပုံပေါက်နေတယ်”ပာုအလောင်းအားဝင်ရောက်ကြည်ရှုခဲ့ သူ မိသားစုဝင်တစ်ဦးကဆိုသည်။
ထို့ပြင်မရမ်းကုန်းရဲစခန်းမှ ကိုကုလားသေဆုံးမှုနှင့် ပတ်သက်၍မိသားစုဝင်များအား အကူငွေ (၅)သိန်းအား သနားညှာတာ မှုဖြင့်ပေးအပ် ခဲ့ကြောင်းကိုလည်း သိရသည်။
စောဇင်ညီ(မြစ်မခ)


1 comments:
ဖြစ်ပြန်ဘီ အဲလိုမျီးသတင်းတွေက
နောက်ကွယ်မှာတခုခု ရှိနေသလိုလိုပဲ
Post a Comment