<div style='background-color: none transparent;'></div>

Home » » သြဂုတ်လမှာစင်ကာပူ၊ မလေးရှားနဲ့ သြစတြေးလျမှာ ဖျော်ဖြေဖို့ရှိတဲ့ သဇင်

သြဂုတ်လမှာစင်ကာပူ၊ မလေးရှားနဲ့ သြစတြေးလျမှာ ဖျော်ဖြေဖို့ရှိတဲ့ သဇင်


သရုပ်ဆောင်သဇင်က တစ်ကိုယ်တော်အခွေကို ဇူလိုင်မှာအပြီး အချောသပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သြဂုတ်မှာ စင်ကာပူ၊ စက်တင်ဘာမှာ မလေးရှား၊ အောက်တိုဘာမှာ သြစတြေးလျကို သွားရောက်ဖျော်ဖြေဖို့ ရှိတယ်လို့ သိရပါတယ်။ ”သဇင်က ပြည်ပနဲ့ ကံစပ်တဲ့သူလို့ ပြောလို့ရပါတယ်။
ကိုယ်သီချင်းလောကထဲရောက်ပြီး ပရိသတ်လက်ခံလာတဲ့ နောက်ပိုင်းကို တောက်လျှောက်ထွက်ဖြစ်တယ်။ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ ဟိုမှာရှိနေလို့ သွားရတာပါ” လို့ သဇင်က ပြည်ပဖျော်ဖြေရေး ခဏခဏ ထွက်ဖြစ်နေတဲ့အကြောင်း ပြောပါတယ်။ သဇင်က တစ်ကိုယ်တော်အခွေကို အွန်လိုင်းကတစ်ဆင့် ပရိသတ်ဆီ ပျံ့နှံ့စေမှာဖြစ်ပြီး ဖျော်ဖြေပွဲတွေ မှာ Sample တစ်ပုဒ်၊ နှစ်ပုဒ်ခန့် လက်ဆောင်အဖြစ် ဖြန့်ဝေတယ်လို့ ဆိုပါတယ်။
အိချိုမိုးမြင့်
popular myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map