ဆွစ်ဇာလန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အောင်သူရက သူ့ရဲ့ ရုပ်ရှင်နဲ့ သူ့ အကြောင်း တွေ ကို ဆွစ်ဇာလန် သတင်းစာ Neue Zürcher Zeitung မှာဖော်ပြခံ ခဲ့ရပါတယ်။ အဲဒီ သတင်းစာကြီးဟာ ၁၇၈ဝခုနှစ်မှာ စတင် ထုတ်ဝေခဲ့ပြီး ပြည်သူများ အများဆုံး လေးစားခံရတဲ့ ရှေးအကျဆုံး သတင်းစာဖြစ်ပါတယ်။ ဒီဆောင်းပါးကို Joel Bedetti ကရေးသားခဲ့ပြီး ဂျာမန် ဘာသာနဲ့ ဖော်ပြထားပါတယ်။
ဒီဆောင်းပါးမှာ သူဟာ ဆွစ်ဇာလန်နိုင်ငံ က ဘဏ်အရာရှိ တစ်ဦး ဖြစ်ကြောင်း၊ Mech-anical Engineeringကို ဆွစ်ဇာလန် မှာ လေ့လာခဲ့ပြီး ဘဏ်နဲ့ ပတ်သက် ပြီး ဒေါက်တာဘွဲ့ အထိ ရရှိထားကြောင်း၊ သူက မြန်မာနိုင်ငံက အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားကြောင်း ဆွစ်ဇာလန်မှာ တစ်ဝက် ရိုက်ကူးခဲ့ပြီး အသံပိုင်းဆိုင်ရာနဲ့ အရုပ်ပိုင်းဆိုင်ရာ အရည်အသွေးက ကောင်းမွန်တဲ့ အတွက် မှတ်တိုင် တစ်ခု ဖြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ရွှေကြက်ဖနဲ့ ပန်းပေါင်းတစ်ရာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပြီး အကောင်းဆုံး နိုင်ငံခြားသား ရုပ်ရှင်သရုပ်ဆောင်ဆု ရရှိခဲ့ကြောင်း၊ ဒီရုပ်ရှင် ကို မြောက်ကိုရီးယားမှာလည်း ပြသ ခဲ့ကြောင်း ရေးသားဖော်ပြထားခဲ့တယ်လို့ အောင်သူရက ပြောပါတယ်။
အခုလို ဆွစ်ဇာလန်သတင်းစာ မှာဖော်ပြခြင်းခံရတဲ့ အတွက် အောင်သူရက ”ကျွန်တော် တအား ဝမ်းသာပါတယ်။ ဒီဆောင်းပါးကိုဖတ်ပြီး အသိ မိတ်ဆွေတွေက ဆက်သွယ်လာကြတယ်။ မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေလည်း ကျွန်တော့်ကို စိတ်ဝင်စားကြတယ်။ ဒီဆောင်းပါးကိုဖတ်ပြီး ဆွစ်ဇာလန်ရှေ့နေ အသင်းအဖွဲ့တစ်ခုက ဆက်သွယ်လာပြီး ၂ဝ၁၃ မတ်လမှာ ကျင်းပမယ့် သူတို့ရဲ့ ရှေ့နေများ ညီလာခံမှာ ဝင်ရောက်ဆွေးနွေးသူ တစ်ဦးအဖြစ်ပါဝင်ပေးဖို့ ဖိတ်ခေါ် ခဲ့ပါတယ်” လို့ပြောပါတယ်။ အောင်သူရက မြန်မာနိုင်ငံကို ဇူလိုင်လ ၁၂ရက်နေ့မှာ ပြန်လာမှာဖြစ်ပြီး ဆွစ်ဇာလန်လူမျိုး တွေ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံချင် သူတွေကလည်း မြန်မာနိုင်ငံကို လာရောက်ဖို့ အစီအစဉ် ရှိကြောင်းလည်း ပြောပါ တယ်။
ခိုင်ဝေလွင် popular news journal


1 comments:
သတင်းလေးလာရောက်ဖတ်ခဲ့တယ်
Post a Comment