အသက်၁၃ နှစ်အောက် ကလေးကို လုပ်ငန်းခွင် အလုပ်ခိုင်းစေ သူများအား ဥပဒေအရ ထောင်ဒဏ် အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စိစစ်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မီဒီယာတွေ့ဆုံပွဲတစ်ခုပြုလုပ်၍ ပြောကြားသည်။
" အသက် ၁၃ နှစ်မပြည့်သေး တဲ့ မည်သည့်ကလေးကိုမျှ အလုပ် ခိုင်းစေခွင့်မရှိပါဘူး။ အလုပ်ခိုင်း စေတဲ့အတွက် အရေးယူတဲ့ဖြစ်စဉ် တွေရှိပါတယ်" ဟု၎င်းကဆိုသည်။ တည်ဆဲ ၁၉၅၁ ခုနှစ်အလုပ် ရုံများအက်ဥပဒေတွင် အသက် ၁၃ နှစ်မပြည့်သေးသည့် မည်သည့် ကလေးကိုမျှ အလုပ်မလုပ်စေရ၊ လုပ်ခွင့်မပြုဟု လည်းကောင်း၊ ၁၉၅၁ ခုနှစ် ဆိုင်နှင့် အလုပ်ဌာန များအက်ဥပဒေအရ ၁၃ နှစ်မပြည့် သေးသူကို အလုပ် မလုပ်စေရ၊
လုပ်ခွင့်မပြုဟု လည်းကောင်းပြ ဋ္ဌာန်းထားပြီး ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် နည်းဥပဒေများအား ဆန့်ကျင်ပါက မန်နေဂျာနှင့်လုပ် ငန်းပိုင်ရှင်အား သုံးလ ထက်မပို သောထောင်ဒဏ်၊ ကျပ် ၅၀ဝ ထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးကျခံရမည်ဟု ဖော်ပြထား သည်။ဧရာဝတီတိုင်းဒေသကြီး မအူ ပင်မြို့နယ် ကျေရွာလေးတစ်ခုမှ လာရောက် အလုပ်လုပ်ကိုင်သူ ဘိုကလေးဈေးအနီးလက်ဖက်ရည် ဆိုင်တစ်ဆိုင်မှ အသက် ၁၃ နှစ်အ ရွယ်စားပွဲထိုးမောင်ကျော်ကျော်က " ကျွန်တော်က တစ်လကို ကျပ် ၃၀ဝ၀ဝ ရတယ်။ ပိုက်ဆံကို ဆိုင် ကနေ မိဘတွေဆီ တစ်ခါတည်း ပို့ပေးတယ်။ ရွာမှာ ငါးတန်းအထိ နေခဲ့ဖူးတယ်"ဟု ပြောသည်။ ဥပဒေအတိုင်း သတ်သတ် မှတ်မှတ်ဆောင်ရွက်နိုင်ရန် ကြိုး စားပါက လက်တွေ့အခြေအနေ တွင် အခက်အခဲများစွာရှိကြောင်း ဦးဝင်းရှိန်ကပြောသည်။ ကလေးအလုပ်သမားများ နှင့် ပတ်သက်၍ စာအုပ်ကြီးအတိုင်း မစဉ်းစားဘဲ သူတို့၏မိသားစုရေး ရာ၊ ကိုယ်စိတ်ကျန်းမာကြံ့ခိုင်ရေး၊ အတွေ့အကြုံ၊ အသိပညာသင်ယူမှု၊ အနာဂတ်၏အလားအလာကိုပါ တွက်ဆ၍ စဉ်းစားသင့်ကြောင်း ၄င်းကပြောကြားသည်။
"တချို့ကလည်း အလုပ်လို ချင်တော့ အသက်လိမ်ပြီးဝင်တယ် လေ။ မှတ်ပုံတင်မှာ အသက်ပြင် ပြီးဝင်တယ်။ မန်နေဂျာနဲ့ အလုပ် ရှင်ကပြန်မပြောရင်ကျွန်တော်တို့က မသိနိုင်ဘူး" ဟု စက်မှုဇုန်ရှိကလေး အလုပ်သမားများကိစ္စနှင့် ပတ်သက် ၍အထက်ပါဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်ကလည်းဆိုသည်။ အသက် ၁၃ နှစ်ပြည့်ပြီးသည့် ကလေးများအား ကလေးအဖြစ် လုပ်ကိုင်ရန် သင့်လျော်ကြောင်း တာဝန်ခံဆရာဝန်၏လက်မှတ်ရယူ ၍လုပ်ကိုင်စေရာတွင် တစ်ရက်လျှင် လေးနာရီထက်ပို၍မလုပ်ကိုင်စေရ၊ ညနေ ၆ နာရီမှ နံနက် ၆ နာရီ အတွင်းမလုပ်ကိုင်စေရဟု ပြဋ္ဌာန်း ထားပြီး အားလပ်ချိန်နှင့် အလုပ် ချိန် စုစုပေါင်းသည် တစ်နေ့ ငါး နာရီထက်မပိုစေရဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ မြောက်ဥက္က လာပမြို့နယ်၊ ကျော်ထွန်း လက် ဖက်ရည်ဆိုင်တွင် ၁၃ နှစ်အောက် ကလေးစေခိုင်းမှု အတွက် ၂၀၁၀ ခုနှစ်တွင် မြောက်ဥက္ကလာပတရား ရုံး၌ တရားစွဲဆို အရေးယူခဲ့သည် ဟု ယင်းဌာနမှသတင်းထုတ်ပြန် ထားသည်။ ထက်နိုင်ဇော်၊ မြတ်သူအောင်
venus new journal


1 comments:
ဖြစ်သင့်ပါတယ်ဗျာ အဲဒီဥပဒေက...:-)
Post a Comment