<div style='background-color: none transparent;'></div>

Home » » ယနေ့ တနင်္လာနေ့နံနက် စင်ကာပူ ဒေသစံတော်ချိန် ၉ နာရီလောက်ကစင်ကာပူ ဟိုတယ် မီးလောင်မှုဖြစ်ပွား

ယနေ့ တနင်္လာနေ့နံနက် စင်ကာပူ ဒေသစံတော်ချိန် ၉ နာရီလောက်ကစင်ကာပူ ဟိုတယ် မီးလောင်မှုဖြစ်ပွား


ယနေ့ တနင်္လာနေ့နံနက် စင်ကာပူ ဒေသစံတော်ချိန် ၉ နာရီလောက်က စင်ကာပူနိုင်ငံ Marine Parade Road က East Village ဟော်တယ်မှာ မီးလောင်မှု တခုဖြစ်ပွားလို့ ကလေး ၄ ဦး၊ လူကြီး ၅ ဦးနဲ့ မီးသတ်သမား ၂ ဦး စုစုပေါင်း လူပေါင်း ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်တဲ့။ မီးလောင်းမှုအတွင်း လူ၅၀ ယောက်အားဘေးလွတ်ရာသို့ ကယ်ဆယ်ခဲ့ရပါတယ်။

ဓာတ်ပုံ-CNA
စင်ကာပူ မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ ပြောတာကတော့ ဒဏ်ရာရတဲ့သူတွေကို စင်ကာပူ အထွေထွေ ဆေးရုံကြီးကို ပို့လိုက်ပါတယ်တဲ့။ ဒီသတင်းကို Channel News Asia က ထုတ်လွှင့်ပြသနေပါတယ်။

မီးလောင်မှုကတော့ ဟော်တယ်ရဲ့ မြေအောက်ထပ်မှာရှိတဲ့ စားသောက်ဆိုင်ကနေ စတင်ခဲ့တာလို့ သိရပြီး မီးခိုးတွေ အူထွက်နေတာကို မျက်မြင်တွေက ပြောပြကြပါတယ်။ စင်ကာပူ စံတော်ချိန် မွန်းလွဲ ၁း၀၀ အချိန်အထိ East Village ဟိုတယ်မှ မီးခိုးများထွက်နေဆဲဖြစ်ပါတယ်။

 http://blog.irrawaddy.org/2012/07/blog-post_3084.html
Share this article :

1 comments:

Unknown said...

တော်သေးတာပေါ့ အချိန်မှီ ကယ်နိုင်ခဲ့လို့ပေါ့...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map