<div style='background-color: none transparent;'></div>

Home » » ကွဲကွာနေသော မိသားစုဝင်များ ပြန်လည် ဆုံစည်းနိုင်ရေး တောင်ကိုရီးယား သမ္မတ တောင်းဆို

ကွဲကွာနေသော မိသားစုဝင်များ ပြန်လည် ဆုံစည်းနိုင်ရေး တောင်ကိုရီးယား သမ္မတ တောင်းဆို

ဆိုးလ်   သြဂုတ်  ၁၅
တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ အကြားရှိ စက်မှုဇုန် ပြန်လည်ဖွင့်လှစ်ရေး သဘောတူညီမှုများ ရရှိခဲ့ပြီး နောက် တောင် ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးက
ကွဲကွာနေသော မိသားစုဝင်များ ပြန်လည်ဆုံစည်းနိုင် စေရန်အတွက် သုံးနှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် မြောက်ကိုရီးယားကို သြဂုတ် ၁၅ ရက် တွင်တောင်းဆိုခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ကိုရီးယားနိုင်ငံ၏ ၁၉၄၅ ခုနှစ်တွင် ဂျပန်လက်အောက်မှ လွတ်မြောက်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် တောင်ကိုရီးယား သမ္မတက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်ပြီး မြောက်ကိုရီးယားအ နေဖြင့် ကိုရီးယား စစ်ပွဲကြောင့် ကွဲကွာခဲ့ရသော မိသားစုများ ပြန်လည်ဆုံစည်းနိုင်ရေး အတွက် စက်တင်ဘာလတွင် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန်လည်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် တောင်ကိုရီးယား သမ္မတသည် သြဂုတ် ၁၄ ရက်က ပြုလုပ်ခဲ့သော စက်မှုဇုန် ပြန်လည်ဖွင့်လှစ်ရေး သဘောတူညီမှုအား ကြိုဆိုကြောင်းနှင့် ကိုရီးယား နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေး အသစ် တစ်ရပ် စတင်နိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၁၉၅ဝ- ၁၉၅၃ ခုနှစ်က ဖြစ်ပွားခဲ့သော ကိုရီးယား စစ်ပွဲကြောင့် ကိုရီးယားလူမျိုး သန်းပေါင်းများစွာ တို့သည် မိသားစုဝင်များနှင့် ကွဲကွာခဲ့ရပြီး နောက်ဆုံးအကြိမ် ကွဲကွာမိသားစု တွေ့ဆုံ ပွဲကို ကြက်ခြေနီအဖွဲ့ ဦးဆောင်မှုဖြင့် ၂ဝ၁ဝ ပြည့်နှစ် အတွင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။



မြ၀တီ....မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map