<div style='background-color: none transparent;'></div>

Home » » အီဂျစ် နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၂၁ ဦး သေဆုံး ခဲ့ပြီးနောက် အရေးပေါ် အခြေအနေ တစ်ရပ် အစိုးရ ထုတ်ပြန်

အီဂျစ် နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၂၁ ဦး သေဆုံး ခဲ့ပြီးနောက် အရေးပေါ် အခြေအနေ တစ်ရပ် အစိုးရ ထုတ်ပြန်

ကိုင်ရို သြဂုတ် ၁၅
အီဂျစ် နိုင်ငံတွင် သမ္မတ မိုဟာမက် မော်စီအား ထောက်ခံသည့် ဆန္ဒပြသူ များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အကြား အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အီဂျစ်ပြည်သူ ၄၂၁ ဦးခန့် သေဆုံး ခဲ့ပြီးနောက် အဆိုပါ ဆူပူ အုံကြွမှု များသည် အာရပ် နိုင်ငံများသို့ ရိုက်ခတ်လာနိုင် သောကြောင့် အရေးပေါ် အခြေအနေ တစ်ရပ်ကို အီဂျစ် အစိုးရက ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာ သတင်း ဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုတွင် ဆန္ဒပြသူ များကို တပ်ဖွဲ့ဝင် များက သေနတ်ဖြင့်   ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မော်စီအား ထောက်ခံသူ များနှင့် ဆန့်ကျင်သူများ အကြား နှစ်ခြမ်း ကွဲမှုများ ထပ်မံဖြစ်ပေါ် နေရကြောင်း ၎င်းသတင်း ဌာနက ဆက်လက် ပြောကြားခဲ့သည်။
ထို့ကြောင့် အီဂျစ် အစိုးရသည် အရေးပေါ် အခြေအနေ တစ်ရပ်ကို သြဂုတ် ၁၄ ရက်က ဂရင်းနစ် စံတော်ချိန် ၁၄ နာရီမှ စတင်၍ သြဂုတ်လကုန် အထိ ထုတ်ပြန် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အရှေ့မြောက် ဘက်ရာဘားအယ်လ် အဒါစီယာ ဗလီ ၀န်းကျင်ရှိ လမ်းမများ ပေါ်တွင် မော်စီကို ထောက်ခံသူ ထောင်ပေါင်း များစွာသည် ပြီးခဲ့သည့် သီတင်းပတ် ခြောက်ပတ် အတွင်းမှ စ၍ ဆန္ဒ ပြမှုများ ဆင်နွှဲ ခဲ့ကြပြီး အဆိုပါ ဆန္ဒပြသူ များကို ရဲတပ်ဖွဲ့ဝင် များက မျက်ရည်ယို ဗုံးများခွဲ၍ လူစု ခွဲခဲ့ကြောင်း သိရသည်။
ထို့နောက် ဆူပူ အုံကြွမှု များသည် ကိုင်ရိုမြို့ အပြင် မင်ယာမြို့၊ အက်စုမြို့နှင့်  အလက် ဇန်းဒရီးရား မြို့တို့အထိ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

 မြ၀တီ.................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map