<div style='background-color: none transparent;'></div>

Home » » အပူချိန် မြင့်မားမှုကို လျှော့ချနိုင်ရန် ဆိုက်ဘေးရီးယား ကျားလှောင်အိမ် အတွင်း ရေခဲတုံးများ ထည့်သွင်း

အပူချိန် မြင့်မားမှုကို လျှော့ချနိုင်ရန် ဆိုက်ဘေးရီးယား ကျားလှောင်အိမ် အတွင်း ရေခဲတုံးများ ထည့်သွင်း

ပေကျင်း သြဂုတ် ၁၅
တရုတ် နိုင်ငံတွင် အပူချိန် တစ်ဟုန်ထိုး မြင့်တက် နေမှုကြောင့် လျောင်နင်းပြည်နယ် ရှန်ယန့် မြို့ရှိ ဆိုက်ဘေးရီးယား ကျားလှောင်အိမ် တွင်း၌ အအေးဓာတ် ရရှိစေရန် ရေခဲတုံး ကြီးများ ထည့်သွင်း ထားရကြောင်း သိရသည်။
ဆိုက်ဘေးရီးယား ကျားများသည် အလွန် အေးခဲလှသော ရေခဲမြစ် ဒေသတွင် သာလျှင် ရှင်သန် ကျက်စားကြသည့် တိရစ္ဆာန်များ ဖြစ်ပြီး မျိုးသုဉ်း ပျောက်ကွယ်လု နီးနီး ကျားမျိုးစိတ်များ ဖြစ်သည်။ ယခင်က ဆိုက်ဘေးရီးယား ကျားမျိုးစိတ် များသည် အာရှတိုက် မြောက်ပိုင်း တစ်ဝန်းတွင် ရှင်သန်ကျက်စား ခဲ့ကြသည်။
သို့ရာတွင် မုဆိုးများ၏ တရားမ၀င် ပစ်ခတ် ဖမ်းဆီးမှုကြောင့် ၎င်းတို့သည် မျိုးသုဉ်းတော့မည့် အန္တရာယ်နှင့် ရင်ဆိုင် နေရပြီး ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား အရှေ့ဖျား ပိုင်းနှင့် ဗလာဒီဗို စတော့ခ်၏ မြောက်ပိုင်းတို့တွင် အနည်းငယ်သာ ကျန်ရှိတော့ သည်ဟု သိရသည်။     



မြ၀တီ.............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map